Ep 19 (Uni + Zawgyi)

130 13 0
                                    

"မင်း ဘယ်လို..."

"ဟုတ်နေတာပဲကို..."

"ဘယ်လိုသိတာလဲ၊ ဘယ်တုန်းကလဲ"

"ဟိုတစ်ခါ သူနဲ့ မ...ကို မင်းတို့ခြံနားမှာစကားပြောနေတာတွေ့လိုက်တာ၊ အဲ့တုန်းကလဲ မ...ငိုနေတယ်လေ၊ အခုလဲ..."

"မင်းသိနေတယ်ဆိုတာကို ငါ့အစ်မကိုမပြောပါနဲ့လား"

"ဘာလို့လဲ"

"ဟို...ဘယ်လိုပြောရမလဲ၊ ငါ့အစ်မက သူ့ကိုထိရင် ဘာမှမမြင်လောက်ဘူး၊ သူနဲ့ပတ်သက်ရင် ငါ့အစ်မဦးနှောက်က အလုပ်ကောင်းကောင်းမလုပ်တော့လို့"

"ငါကရော...ငါကရော မ...နဲ့ပတ်သက်ရင် ငါ့ဦးနှောက်က အလုပ်ကောင်းကောင်းလုပ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်တဲ့ပုံပေါက်နေလား"

"ငါလဲ ဘယ်လိုပြောရမှန်းမသိတော့ပါဘူး"

"ငါပြန်တော့မယ်"

"ခုလေးတင်ရောက်တာကို ပြန်တော့မလို့လား"

"နောက်မှတွေ့ကြမယ်၊ မ...ကို ငါက သိနေတဲ့အကြောင်းမပြောပါနဲ့လား"

"အင်းပါ၊ ငါမပြောပါဘူး"

             --------------------------

မောင်နဲ့ အဆက်အသွယ်မရတဲ့ ခုနှစ်ရက်မြောက်နေ့...

အိပ်မပျော်တာကြောင့် မောင်နဲ့ပတ်သက်သမျှတွေ တွေးနေမိခဲ့တယ်၊ ဟိုတစ်ခါတုန်းက အဆက်အသွယ်မရတာ သုံးရက်ကြာတယ်၊ ခုကျ ခုနှစ်ရက်တောင်ရှိပြီ...ရက်တွေက မလျော့သွားဘဲ ဘာလို့တိုးလာရတာလဲ မောင်ရယ်၊ နောက်တစ်ခါများဆို...ဟင့်အင်း နောက်တစ်ခါဆိုတာမရှိတော့ပါဘူး၊ မရှိအောင် ငါကြိုးစားရမယ်၊ ငါ မောင်နဲ့မဝေးချင်ဘူး...ဒီညလဲ ဘယ်လိုအိပ်ရပါ့မလဲ မောင်...ထိန်းမထားနိုင်တော့တဲ့ သတိရစိတ်တွေကြောင့် "လွမ်းတယ် မောင်..." ဆိုပြီး စာပို့လိုက်မိတယ်။ မောင့်စီက ချက်ချင်းပဲ ဖုန်းဝင်လာခဲ့တယ်၊ တင်းမထားနိုင်တဲ့ စိတ်စေရာအတိုင်းလက်ကချက်ချင်းပဲ ဖုန်းကိုင်ခဲ့မိတယ်၊ ဖုန်းကိုင်ကိုင်ချင်း မောင်က

"ဘေဘီ၊ မောင့်ကလေးလေး"  တဲ့...

မချော့ခင်ကထဲက ပျော့ချင်နေတဲ့လူကိုမှ ခေါ်တဲ့ မောင့်လေသံဟာ နူးညံ့မှု့အပြည့်၊ လွမ်းဆွတ်မှု့အပြည့်ပါလို့ ကိုယ့်နှလုံးသားက တစ်ထစ်ချယုံကြည်ပါသတဲ့...ရူးမိုက်လိုက်တဲ့ နှလုံးသားပါ မောင်ရယ်...

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Donde viven las historias. Descúbrelo ahora