မောင့်နောက်လိုက်လို့ လှည့်မထွက်ခင် ကိုယ်က
"ခွင့်ပြုပါဦး ဦး..." လို့ ပြောတော့မောင့်ဖေဖေဟာ လှည့်မကြည့်ဘဲ အခန်းထဲဝင်သွားခဲ့တယ်။ ကိုယ်ဟာလဲ မောင်ဆွဲခေါ်ရာ မောင့်အခန်းထဲ စာလုပ်ဖို့ရောက်ခဲ့ပါတယ်။ အခန်းထဲရောက်တော့ မောင်ဆွဲထားတဲ့ လက်ကနာလို့တွန့်မိသွားချိန် မောင်ဟာ စိုးရိမ်တကြီးနဲ့ ကိုယ့်လက်ကိုကြည့်တယ်၊ လက်သည်းအရှည်ကို ဘယ်ဘက်တစ်ဖက်ထဲထားတတ်တဲ့ကိုယ့်ဘယ်ဘက်လက်ဟာ ခုနကလက်သီးဆုပ်ထားမိချိန် လက်သည်းရှည်တွေနဲ့ထိုးမိတာကြောင့် အသားတချို့ပေါက်သွားရင်း သွေးထွက်တာကို မြင်တော့
"မမရယ်...မမ အသားကိုနာအောင်လုပ်မဲ့စကား မီး ကိုသာ ရိုက်လိုက်ပါလားဟင်၊ မမ တင်မဟုတ်ဘူး မမရဲ့အရာရာတိုင်းက မီး အတွက်အရေးကြီးတာမို့ အထိခိုက်မခံနိုင်ဘူး" အရက်ပြန်သုတ်ရင်းပိုးသတ်ပေးနေချိန်ပြောတဲ့ မောင့်စကားကြောင့် ကိုယ့်မှာနာကျင်ရတဲ့ကြားထဲက ပြုံးမိပါတယ်မောင်ရယ်..နာကျင်ခြင်းတစ်ဝက် ပျော်ရွှင်ခြင်းတစ်ဝက်နဲ့ ကိုယ်ဟာ မောင့်ခြေရင်းနားခစားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။
"အပေါမလေး..."
"ဟုတ်..."
"အကယ်၍များ နောင်တစ်ချိန် အပေါမလေးရဲ့ဖေဖေနဲ့ မမနဲ့ ခုထပ်ပိုပြီး စကားတွေပြောရင်း အဆင်မပြေကြရင် အပေါမလေးက ခုနကလိုပဲ မမရှေ့က ကာပေးရင်း မမလက်ကိုဆွဲလို့ ဖေဖေ့ရှေ့ကနေ ထွက်လာရဲလားဟင်"
"အဲ့လိုပဲ အမြဲလုပ်ပေးနိုင်တာပေါ့...မီးက မမကိုတကယ်ချစ်တာမို့လေ၊ မမကိုတော့ ဘယ်သူ့ကြောင့်နဲ့မှ အထိအခိုက်မခံနိုင်တာတစ်ကယ်ပါ"
"ယုံကြည်ချင်ပါတယ်...ဘယ်သူ့ကိုမှ မယုံတတ်ပါဘူးဆိုတဲ့ မိန်းမကပေါ့..."
ကိုယ့်စကားကိုကြားတော့ မောင်ဟာ စိတ်ချမ်းသာသွားသလို အားရဝမ်းသာပြုံးတယ်၊ အသက် ၁၆နှစ်အရွယ်ကလေးမလေးရဲ့ စကားကို အသက် ၂၆နှစ်အရွယ်အမျိုးသမီးက မျက်စိစုံမှိတ်ယုံကြည်မိခြင်းတချို့ပေါ့ မောင်ရယ်..."ခုနက အပေါမလေးဖေဖေကိုပြောမိတာအတွက်အားနာပါတယ်နော်၊ ရိုင်းသလိုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဘယ်သူ့ကိုမှ သည်းမခံတတ်တဲ့ ညဉ်လေးက အဲ့လိုအချိန်တွေဆိုပေါ်လာတတ်လ်ို့ပါ"
BẠN ĐANG ĐỌC
Lãng mạnဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...