"ပြီးတော့ မောင် လက်ထပ်ဖို့မသေချာဘူး၊ သူ့ဘက်က ငြင်းလိုက်တာကို စောင့်နေပေမဲ့ ခုထိဘာအသံမှမကြားရသေးဘူး၊ မောင်က နိုင်ငံခြားမှာနေရင်းအလုပ်လုပ်ချင်တာ ဘေဘီနဲ့အတူတူပေါ့၊ အဲ့ဒါ...သူ ငြင်းအောင် ဘေဘီကပြောပေးလို့ရမလား"
ကိုယ်နဲ့အတူနေချင်တာဆိုတဲ့စကားနဲ့ တစ်ဖက်လူလက်လျော့အောင်လုပ်ဖို့ ကိုယ်ချစ်ရတဲ့လူသားက ကိုယ့်ကိုအသုံးချနေတာလို့ မတွေးမိအောင် ဘယ်လိုလုပ်ရမလဲ...
"လက်ထပ်ဖို့စိတ်ကူးမရှိရင် အစကထဲက ဘာလို့စေ့စပ်တာကို လက်ခံခဲ့တာလဲ၊ ကိုယ်ကမချစ်ဘဲ တစ်ဖက်ကချစ်တာကိုပဲသဘောကျတယ်ဆိုတာ မျှော်လင့်ချက်တွေပေးပြီး လူသတ်တာလို့ခေါ်တယ်၊ လက်နက်မလိုဘဲ လူသတ်နည်းဆိုတာ အဲ့ဒါမျိုးကိုပြောတာ"
စိတ်တိုမိတာရော၊ ငိုချင်လာတာရောကြောင့် မျက်ရည်တွေကျရင်း ကြည့်မိတော့ မောင်ကကိုယ့်ကို အံ့ဩသလိုကြည့်တယ်၊
"ပြောပြလဲ နားလည်မှာမဟုတ်ပါဘူး၊ ထည်ဝါဦးနိုင်က...ချစ်မှ...မချစ်တတ်တာ"
ပြောရင်း လှည့်ထွက်ခဲ့လိုက်တယ်။ ကိုယ်ပြောတာမှန်တယ်မလား မောင်က တစ်ကယ်ကိုမချစ်တတ်ပါဘူး။
.............................................................................................................................
အိမ်ရောက်တာနဲ့ အခန်းထဲတန်းဝင်ပြီး အိပ်ယာပေါ်မှောက်ကာ ရှိုက်ငိုမိပြန်တယ်၊ မောင်ကတစ်ကယ်ပဲဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်တော့မသိတော့ပါဘူး...အိတ်ထဲကဖုန်းမြည်လာလို့ ကြည့်လိုက်တော့ မောင်ခေါ်တာဖြစ်နေတယ်၊ မကိုင်ဘဲနေပေမဲ့ ဆက်တိုက်ခေါ်နေတာကြောင့်ကိုယ့်မှာ ဖုန်းကိုင်လိုက်ရတယ်။
"ဘေဘီ...မောင်တစ်ကယ် သူနဲ့စေ့စပ််ချင်ခဲ့တာမဟုတ်ပါဘူး၊ မောင့်ကိုယုံပါနော်၊ ဖေဖေက သဘောတူနေလို့ပါ"
"သဘောတူတယ်ဆိုလဲ ကိုယ်သဘောမကျရင် မကျဘူးလို့ ငြင်းပါလား၊ စေ့စပ်တာအထိ ငြိမ်ပြီးလက်ခံနေခဲ့ပြီး ခုမှ သဘောတူခဲ့တာမဟုတ်ပါဘူးဆိုတော့ အစ်မက...အစ်မက ဘာလုပ်ရမှာလဲ ညီမလေးရဲ့..."
မောင်လို့တောင် မထွက်တော့သလို ကိုယ့်ကိုကိုယ်ဘေဘီလို့လဲ မသုံးနှုန်းချင်တော့ပါဘူး။
ESTÁS LEYENDO
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...