Ep 29 (Uni + Zawgyi)

165 12 2
                                    

ကိုယ့်ကိုအခန်းထဲကအလိုက်တသိထွက်သွားဖို့ပြောနေတာကို နားလည်ပေမဲ့ သူများ ဆိုတဲ့စကားကတော့ ကိုယ့်ကိုစိတ်မကောင်းဖြစ်စေမှန်း မောင်မသိတာများလားကွယ်...

"အင်း၊ မနက်စာစားဖို့စောင့်နေမယ်နော်"

အခန်းတံခါးကိုပိတ်ကာ မီးဖိုထဲဝင်ကာ ထမင်းစား စားပွဲမှာထိုင်ကာ မောင်ထွက်လာတာကိုပဲ စောင့်နေလိုက်ပါတော့တယ်။ ခဏနေတော့ အလုပ်သွားဖို့ပြင်ဆင်ပြီးတဲ့မောင်က ထိုင်ခုံမှာဝင်ထိုင်ကာ ကိုယ်ပြင်ပေးထားတဲ့ ပေါင်မုန့်ကြက်ဥကြော်ကိုစားရင်း လိမ္မော်ဖျော်ရည်ကိုသောက်ပါတယ်။ ကိုယ်ပြင်ပေးထားတဲ့မနက်စာကို စားနေတဲ့မောင့်မျက်နှာကိုမြင်ရတာ ဘာမှမစားရလဲဘဲ ကိုယ့်ကိုဗိုက်ပြည့်စေပါတယ်။

"စားရတာအဆင်ပြေရဲ့လား မောင်၊ ဘာလိုချင်တာတာရှိသေးလဲဟင်၊ လိုတာရှိရင် ဘေဘီ..."

"မလိုတော့ဘူး၊ ရတယ်"

"အင်း..."

ခုနကမောင့်ဖုန်းထဲကို ဝင်လာတဲ့စာက ဘာမို့လို့မောင်ကအခုလို မျက်နှာရော၊ စိတ်ရောမကြည်မလင်ဖြစ်သွားရမှန်း ကိုယ်မတွေးတတ်အောင်ပါပဲ။ အစားအသောက်စားနေတုန်း စကားမပြောတတ်တဲ့ကိုယ်က မောင်နဲ့နှစ်ယောက်ထဲစားရတဲ့ အချိန်မှာ တိတ်ဆိတ်မနေချင်တာကြောင့် စကားမရှိစကားရှာပြီး မောင်အရင်လိုဖြစ်အောင်ကြိုးစားရပါတော့တယ်။

"ဪ...ဒါနဲ့ မောင်မနက်အိပ်ယာထတုန်းက ပြောတာလေ... ညကမောင်အိပ်မပျော်ဘူးဆိုတာ ဘာလို့လဲဟင်"

ပေါင်မုန့်ကြက်ဥကြော်ကို ဓါးနဲ့လှီးနေတုန်း မနက်ကကိစ္စကိုသတိရသွားတာမို့ မောင့်ကိုမေးမိပေမဲ့ မောင့်စီက အဖြေစကားမကြားရတာမို့ ခေါင်းမော့ကြည့်လိုက်တော့ မောင်ကကိုယ့်ကိုစိုက်ကြည့်နေတာကိုတွေ့ရတယ်။ ကိုယ်နဲ့အကြည့်ချင်းဆုံတာနဲ့

"အဟမ်း၊ အမြဲတစ်ယောက်ထဲ အိပ်နေကျဆိုတော့ ဘေးနားမှာတစ်ယောက်ရှိနေတာကြောင့် အိပ်မပျော်တာဖြစ်မယ်ထင်တယ်"

"ဪ..."

မောင့်စကားက ကိုယ်ဘေးမှာရှိနေတာကို မကြိုက်သလို၊ မနေတတ်သလိုပြောနေတဲ့သဘောမဟုတ်ပါဘူးလို့ ကိုယ့်စိတ်ကိုပြန်ဖြည့်တွေးရတယ်။ သို့ပေမဲ့ မောင်အဆင်မပြေတာကိုကြားတာနဲ့ အဆင်ပြေမဲ့ တခြားနည်းလမ်းတစ်ခုကို တွေးပြီးသားဖြစ်နေတဲ့ ကိုယ့်ဦးနှောက်က

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Where stories live. Discover now