Ep 26 (Uni + Zawgyi)

130 7 2
                                    

"မောင်နဲ့စေ့စပ်ထားတာကို မောင်လေးဘက်ကနေ ဖျက်သိမ်းပေးပါလား"

ကိုယ့်စကားဆုံးတာနဲ့ သူက ကိုယ်ရှေ့ကိုယ့်လိုပဲ ဒူးထောက်ထိုင်ချကာ

"မ...ဘာလုပ်တာလဲ၊ ထပါ"

"ဟင့်အင်း၊ မောင်လေးဘက်က အစ်မတောင်းဆိုတာကို လက်ခံမှထမယ်"

"မ....ဗျာ၊ ဘာလို့အဲ့လောက်တောင် သူ့အတွက်လုပ်ပေးနေရတာလဲ၊ မ...မာနတွေ၊ သိက္ခာတွေကို အကျခံပြီး ကျွန်တော့်ရှေ့ ဒူးထောက်ရတဲ့အထိ သူက မ...အတွက် အရမ်းအရေးကြီးတဲ့ဖြစ်တည်မှု့လား"

"မောင့်ကို စိတ်မညစ်စေချင်တာ၊ မငိုစေချင်တာပဲသိတဲ့လူမို့ အခုထပ်ပိုဆိုးတဲ့လုပ်ရပ်တွေလဲ အစ်မလုပ်နိုင်တယ်"

"တန်လို့လား၊ တန်လို့လား မ...ရယ်၊ သူ့ကြောင့်နဲ့ မ...အခုလိုတွေလုပ်ရလောက်တဲ့အထိလေ"

ကိုယ်ဘာမှထပ်မပြောနိုင်တော့တာမို့ ငြိမ်နေမိတော့ သူကပဲစကားဆက်တယ်။

"သူသိရဲ့လား၊ မ...ကျွန်တော့်ဆီလာတာကိုရော၊ ကျွန်တော့်ရှေ့....ကျွန်တော့်ရှေ့ အခုလို ဒူးထောက်တာကိုရောလေ"

"မောင် အကူအညီတောင်းတာကို အစ်မဘက်ကလုပ်ပေးနိုင်ခဲ့တယ်ဆိုတာကိုပဲ သိစေချင်တယ်၊ ဘယ်လိုလုပ်ပေးခဲ့တယ်ဆိုတာကို မသိစေချင်ဘူး"

"ဘာလို့လဲ....သူသိရင် စိတ်မကောင်းဖြစ်မှာစိုးလို့လား"

ကိုယ်ဘာမှပြန်မပြောဘဲ သူ့မျက်နှာကို ကြည့်မိတယ်၊ ဘယ်အချိန်ကထဲက ကိုယ့်ပါးပြင်ပေါ်ကျနေမှန်းမသိတဲ့ မျက်ရည်တွေကို ထင်လင်းပိုင်က လက်မနဲ့ဖွဖွလေးသုတ်ပေးတယ်၊ ပြီးတော့ ကိုယ့်မျက်လုံးတွေကို စိုက်ကြည့်ရင်း

"မ...အခုကျနေတဲ့ မျက်ရည်တွေက ကျွန်တော့်ရှေ့ ဒူးထောက်ရတာကိုရှက်ပြီးကျနေတာမလား"

ပြန်မဖြေဘဲ ခေါင်းငုံ့မိတော့

"မ...လို မာနတွေ၊ သိက္ခာတွေ မိုးထိမတက် ထားတတ်တဲ့လူက ထည်ဝါဦးနိုင်ကြောင့်နဲ့ အခုလို အရှက်ကွဲခံရတာ တန်ရဲ့လား၊ သူ့ကို...သူ့ကို...အဲ့လောက်တောင်...ချစ်ရသလား မ...ရယ်"

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Où les histoires vivent. Découvrez maintenant