Ep 22 (Uni + Zawgyi)

134 10 0
                                    

"ကျွန်တော့်ကို စဉ်းစားပေးပါ"

မကြည်ဖြူမှန်း၊ မတွေ့ချင်မှန်းသိနေပေမဲ့လဲ ကိုယ်ကချစ်မိနေသူဆိုတော့လဲ ရှေ့မျက်နှာ နောက်ထားလို့ ချစ်ရသူရဲ့ မျက်နှာတော်မော်ဖူးဖို့ အိမ်တိုင်ရာရောက် ရောက်လာခဲ့မိတယ်။

ခြံထဲက ထိုင်ခုံမှာထိုင်လို့ စာအုပ်ဖတ်နေတဲ့မ...က ရိုးရိုးလေးနဲ့ တစ်ကယ်လှပါတယ်။ လေတိုက်တိုင်း မ...မျက်နှာကိုလာရိုက်ခတ်တဲ့ ဆံပင်အတိုလေးတွေကို နားကြားထဲထိုးထည့်ပုံလေးကရော၊ လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေကရော ကျွန်တော့အပိုင် မဟုတ်တာကလွဲရင်ပေါ့။ အလိုက်မသိတဲ့ ဆံပင်တချို့က မ...အမိန့်ကို မနာခံဘဲ မျက်နှာပေါ်ပြန်ဝဲကျလာတဲ့အခါ ကျွန်တော့်မှာ ပြေးပြီး အဲ့ဆံပင်တွေကို သပ်တင်ပေးချင်စိတ်ကို ဘယ်လောက်ထိန်းထားရလဲဆိုတာ မ...သိပါ့မလား။

စတွေ့ကထဲက ရှောင်ဖို့လုပ်နေသူကို လာတွေ့တာဖြစ်ကြောင်းပြောပြတော့

"ဪ..." တဲ့...

ကျွန်တော် လိုက်ပို့ပေးလို့ရတယ်လို့ ပြောချင်ပေမဲ့ ကျွန်တော်ပြောမဲ့စကားကို သိနေသလို စကားစဖြတ်တဲ့ မ...ကို စိတ်မဆိုးမိဘဲ ပိုချစ်မိပါတယ်လို့ ပြောရင် ကျွန်တော့်လောက်ရူးတဲ့လူ ဒီကမ္ဘာမှာရှိပါ့မလား...

အရဲစွန့်ကာ လိုချင်တာတစ်ခုပြန်တောင်းချင်တယ်ဆိုတော့ ဘယ်တော့ပြောမလဲစောင့်နေတာတဲ့၊ လောကကြီးမှာ ဘာမှအလကားရတာမဟုတ်မှန်း သိကြောင်းပြောတော့ အလုံးစုံဖြူစင်တယ်မဟုတ်ပေမဲ့ ကျွန်တော့်စေတနာကိုစော်ကားသလိုခံစားရတယ် မ...ရယ်။

မ...စိတ်ထဲ၊ရင်ထဲမှာ နေရာနည်းနည်းလေးတောင်မရှိမှန်းသိပေမဲ့လဲ အခုလိုထိဆိုတာတော့မသိခဲ့ဘူး။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြောမိတဲ့စကားက "ကျွန်တော့်ကို စဉ်းစားပေးပါ" တဲ့... မ...ပဲလုပ်တတ်တဲ့ ခပ်ဆန်းဆန်းအပြုအမူလေး မျက်ခုံးတစ်ဖက်ကို ပင့်လို့ထင်သားပဲဆိုတဲ့အကြည့်မျိုးထပ်ရပါတယ်၊

"အစ်မမှာ ချစ်ရမဲ့လူရှိတာ မောင်လေးသိတယ်မလား၊ မောင်ကလွဲလို့ အစ်မ ဘယ်သူ့ကိုမှချစ်လို့မရဘူး"

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Tempat cerita menjadi hidup. Temukan sekarang