Ep 13 (Uni + Zawgyi)

149 10 2
                                    

"မမရေ..မေမေကခေါ်..."

အသံကြားတော့ မျက်ရည်သုတ်ရင်း မော့ကြည့်မိတော့ ဘာမှမမေးဘဲ သိနေသလို သက်ပြင်းချရင်းကြည့်နေတဲ့ ကိုယ့်မောင်လေးကိုတွေ့တယ်။

"မေမေကထမင်းစားဖို့ခေါ်နေလို့"

"မမ မစားသေးဘူး၊ မဆာသေးလို့ ရေချိုးလိုက်ဦးမယ်"

ကိုယ့်ကိုတစ်ခုခုပြောမလို ပါးစပ်ဟပြီးကာမှ

"ဘာမှမဟုတ်တော့ဘူး၊ ရေမြန်မြန်ချိုးဦး အေးတယ်"

"အွန်းပါ၊ မမရဲ့မောင်လေးက မမကိုချစ်လို့စိတ်ပူနေတာလား၊ ပြောတော့ မချစ်ဘူးဆို..."

"ကိုယ့်အစ်မအရင်းပဲ မချစ်ဘဲနေပါ့မလား၊ သူစိမ်းမှမဟုတ်တာ"

"ဟားဟား ဟုတ်ပါပြီ"

"ထမင်းသွားစားတော့မယ်၊ ညစာလာစားဦး"

"အင်း..."

မောင်လေးအခန်းထဲကထွက်သွားတာနဲ့ ရေချိုး၊ အဝတ်အစားလဲပြီး ဗိုက်မဆာလို့ ထမင်းမစားတော့ကြောင်းအမေ့ကို သွားပြောခဲ့တယ်။ ပင်ပန်းပြီး အိပ်ချင်နေလို့ဆိုတဲ့ မဖြစ်နိုင်တဲ့အကြောင်းပြချက်ကိုပါ ထည့်ပြောရင်း အခန်းထဲပြန်လို့အိပ်ရာဝင်ခဲ့တယ်။

မနက်မိုးလင်းတော့ ဖုန်းအားသွင်းဖို့ ဖုန်းကိုကြည့်မိကာမှ စက်ပိတ်နေမှန်းသိတယ်။ ညကငိုရင်း အိပ်ပျော်သွားတာမို့ ဖုန်းကိုလဲ သတိမထားမိတော့ဘူး။ ဒီနေ့မောင့်စီမသွားချင်တာမို့ အိမ်မှာပဲ အေးဆေးနေဖို့တွေးခဲ့တယ်။ မောင်များ ဖုန်းခေါ်ထားဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖုန်းအားသွင်းရင်း ဖုန်းဖွင့်မိတော့မှ မောင့်စီက missed call 1ခုပဲဝင်ထားတယ်ဆိုတာမြင်လိုက်ရတယ်။

မောင်ဟာလေ တစ်ကယ်ကိုပစ်ထားရက်နိုင်တဲ့သူပါ...ဒီနေ့မလာတော့ကြောင်း ဖုန်းဆက်ပြောတော့

"နေမကောင်းလို့လား" တဲ့...ကိုယ့်ကိုစိတ်ပူတဲ့အသံပါလို့ တစ်ဖက်သတ်ယူဆလိုက်ချင်ပါတယ်မောင်...လူကနေကောင်းပြီး စိတ်ကမကောင်းတာဖြစ်ကြောင်းတော့ ကိုယ်မပြောပြတော့ပါဘူး။

"အင်း နည်းနည်း..."

"အာ့ဆို နားလိုက်လေ၊ နောက်နေ့မှလာနော်၊ ညက..."

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Where stories live. Discover now