Ep 38 (Uni + Zawgyi)

79 4 0
                                    

လမကုန်ခင်အထိဆိုင်မှာအလုပ်ဆက်လုပ်နေပေမဲ့ အနောက်ဖက်က မီးဖိုဆောင်ထဲမှာပဲအလုပ်လုပ်ခဲ့သည်။ မတော်တဆများ ဟိုနေ့ကဆိုင်ကိုလာတဲ့ဧည့်သည်တွေများထပ်လာလိို့ ကိုယ့်ကိုတွေ့သွားရင် ဆိုင်အတွက်မကောင်းလောက်ဘူးထင်တာကြောင့်ဖြစ်ပါတယ်။ ကိုယ့်ကြောင့်နဲ့ ဆိုင်ရှင်အကိုအပါအဝင် အတူတူအလုပ်လုပ်နေတဲ့သူတွေကိုအနှောင့်အယှက်မဖြစ်စေချင်တော့ပါ။

ဆိုင်နောက်ဘက်မှာပဲနေတာမို့ မောင်ဆိုင်ကိုလာတာကိုလဲမသိသလို၊ ထင်လင်းပိုင်လာသလားလဲမသိပါ။ ကိုယ့်ကြောင့်ဖြစ်ရတာမို့ လက်ကရောသက်သာရဲ့လားလို့ တွေးမိပေမဲ့လဲ တွေ့ပြန်ရင်လဲ ကိုယ်ကအားနာနေရဦးမှာမို့ မတွေ့ရတာပဲကောင်းပါတယ်လေဟုသာ တွေးရပါသည်။ ပါဆယ်တွေပို့နေရတာကိုတွေ့ရင် မောင်များမှာသလားဆိုတဲ့စိတ်နဲ့မေးချင်မိသည်။ မောင်မှာခဲ့ရင်တောင် ကိုယ့်ကိုလာပို့ဖို့ကိုမပြောနိုင်တာကိုကြိုသိနှင့်နေတာမို့ မျှော်လင့်နေမိတဲ့ ကိုယ့်စိတ်ကိုသာပြန်ဖြေရပါသည်။ အရူးတကာ့ အရူးတွေထဲမှာ အချစ်ရူးကအဆိုးဆုံးပဲဆိုတာ မောင်သိပါ့မလားနော်....

ဆိုင်အနောက်ဘက်ကို ဆေးဖို့ပန်းကန်တွေသယ်လာတဲ့အထဲ အရာသာမြည်းထားသလိုတစ်ငုံစာအနည်းငယ်သာလျော့နေတတ်တဲ့ ဖျော်ရည်ခွက်လေးတွေလဲ တွေ့ရတတ်သည်။ တစ်ခါတစ်လေဆို တစ်ငုံစာတောင်မလျော့တာမျိုးလဲဖြစ်နေတတ်ပါသည်။ အရသာလိုအပ်တာရှိရင်လဲ ဧည့်သည်ကပြောတဲ့အခါ ပြန်ပြင်ပေးတာမို့ တစ်ခုခုအဆင်မပြေရင်ပြောစေချင်သည်။ ကိုယ်တွေရဲ့ လိုအပ်ချက်ကိုလဲ သိရသလို ဧည့်သည်လဲ စိတ်အဆင်ပြေသွားနိုင်တာမို့ နှစ်ဦးနှစ်ဖက်ကောင်းကျိုးတွေပဲရှိလာနိုင်သည်။ အကယ်၍မှာထားပြီးကာမှ အရေးကြီးကိစ္စပေါ်လာလဲ ပါဆယ်ထုတ်သွားသင့်တာကိုဆိုပြီး နှမြောတဲ့စိတ်နဲ့တွေးမိခဲ့ပါသေးသည်။ လူသားအားလုံးမှာ ကိုယ်ပိုင်အကြောင်းပြချက်တွေရှိနိုင်တာပဲလို့ တွေးမိတော့လဲ စိတ်ဖြေနိုင်သွားပါသည်။

မောင်ပြန်မလာတဲ့အိမ်မှာလဲ မနေချင်တော့တာမို့ လကုန်တာနဲ့အိမ်အသစ်ကိုပြောင်းနိုင်အောင်ရှာရပြန်ပါသေးသည်။ ဖြစ်နိုင်ရင်တော့ မောင့်အငွေ့အသက်လေးတွေ၊ မောင့်ပုံရိပ်လေးတွေရှိနေဆဲဖြစ်တဲ့အခန်းလေးမှာပဲဆက်နေချင်ပေမဲ့ မောင်သာနောက်ဆုံးထိပြန်မလာခဲ့ပါလျှင်ဆိုတဲ့ အတွေးတွေတွေးမိတဲ့အခါ ဒီနေရာလေး မအေးမြတော့ဘဲ အလွမ်းတွေနဲ့ပူလောင်လာပါသည်။ မောင်မရှိတော့တဲ့အခန်းမှာ မျက်နှာပြောင်တိုက်ပြီး ဆက်မနေချင်တာလဲပါပါသည်။ မောင့်အတွက်နဲ့ ကိုယ့်ကိုတိုင်သိမ်းဆည်းထားခဲ့တဲ့ မာနဆိုသောအရာက အနက်ရှိုင်းဆုံးအတွင်းစိတ်ထဲက တိုးထွက်လာတာမို့ပါ မောင်...

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Where stories live. Discover now