ခန်းမထဲကမထွက်ခင် ကြားလိုက်ရတဲ့အသံက
"ဒီပွဲက company နှစ်ခုပူးပေါင်းတဲ့ပွဲလို့ပြောလို့ရသလို Paing Group ရဲ့သားကြီး မောင်ထင်လင်းနဲ့ ကျွန်တော့်သမီးလတ် ထည်ဝါတို့ရဲ့စေ့စပ်တဲ့ပွဲလို့လဲပြောလို့ရပါတယ်"
မောင့်ဖေဖေဆီက အဲ့စကားကြားတာနဲ့ မောင်က ကိုယ့်လက်ကိုဆွဲလို့ ခန်းမအပြင်ကိုထွက်ခဲ့တယ်။ ခန်းမ အပြင်ရောက်ချိန် မောင်ဆွဲထားတဲ့ ကိုယ့်လက်ကိုကိုယ်ပြန်ဆွဲဖြုတ်ရင်း ကြားခဲ့တဲ့စကားက ကိုယ်နားကြားများမှားသလားဆိုပြီး မောင့်ကိုကြည့်မိတော့ မောင့်မျက်လုံးတွေကကိုယ့်ကို ရင်မဆိုင်နိုင်သလို မျက်လွှာချနေခဲ့တယ်။
"မောင့်ဖေဖေပြောတာက...မောင် မဟုတ်ဘူးလို့ ဘေဘီ့ကိုပြောပါလား၊ ဘာလို့ခေါင်းငုံ့နေတာလဲ တစ်ခုခုပြောလေ မောင်...မောင်က စေ့စပ်တော့မယ်တဲ့လား၊ အဲ့ဒါဆို ဘေဘီကရော...ဘေဘီက...ဘေဘီက မောင့်အတွက်ဘာလဲဟင်"
မငိုမိအောင်မထိန်းနိုင်တော့တာမို့ မျက်ရည်တွေစီးကျရင်း မောင့်ကိုမေးနေပေမဲ့ ချစ်ရသူမောင်ဟာ ကိုယ့်ကိုမကြည့်ခဲ့ပါဘူး။
"တစ်ခုခုပြောပါလား မောင်ရယ်၊ ဘေဘီ နားကြားမှားတာပါ ဆိုတာပဲဖြစ်ဖြစ်၊ ထည်ဝါ ဆိုတာ မောင့်နာမည်မဟုတ်ဘူးလို့ လိမ်လဲရတယ်၊ မောင် မဟုတ်ပါဘူးလို့ ညာပြောလဲရတယ်၊ လိမ်တာကိုမုန်းပေမဲ့ မောင်ကသာ မဟုတ်ဘူးပြောရင် ဘေဘီယုံပါ့မယ်၊ အဲ့ဒါကြောင့် မဟုတ်ဘူးလို့ပြောပါလားဟင်..."
"မောင်...မလိမ်ချင်ဘူး"
"တစ်ခါပဲလိမ်ပေးပါ"
အမှန်ကိုသိရက်နဲ့ အမှားကိုကြားချင်နေမိတဲ့ကိုယ်ဟာ လူတကာအမြင်မှာ အရူးပါပဲ...
"ထည်ဝါ ဆိုတာကလဲ မောင်ပဲ၊ ဒီနေ့ပွဲမှာ စေ့စပ်မဲ့လူကလဲ မောင်ပဲ တခြားလူမဟုတ်ဘူး"
မတ်တပ်ရပ်ဖို့ အားမရှိတော့တာမို့ တခြားလူတွေကြည့်တာကိုလဲ မရှက်နိုင်အောင် မောင့်ရှေ့ ဒူးထောက်ချမိခဲ့တယ်။ ပထမဦးဆုံးအကြိမ် မောင့်ရှေ့ ဒူးနှစ်ဖက်လုံးထောက်မိခြင်းပေါ့ကွယ်....
"ပြန်လိုက်တော့ ဘေဘီ"
"နှင်ထုတ်ပြန်ပြီပဲ၊ တကယ်အဲ့စကားကိုမကြားချင်ဘူး"
ESTÁS LEYENDO
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...