"ဘေဘီ့ကို လက်လွှတ်ပေးပါ"
သူ့ဘက်ပြန်လှည့်ကာ
"အဲ့လိုပြောရလောက်အောင် နင်ကဘာမို့လို့လဲ"
"ငါက ဘေဘီ့ချစ်သူ"
သူ့စကားကြောင့် ကျွန်တော် အော်ရယ်လိုက်မိတယ်
"ချစ်သူ ဟုတ်လား၊ နင်က ဟာသတွေပြောတတ်လာတာပဲ"
........................................................................................
စားပွဲကို ကိုယ်ပြန်ရောက်တော့ မောင့်ကိုရော ထင်လင်းပိုင်ကိုရော မတွေ့တာမို့ ရင်ထဲပူသွားသလိုခံစားချက်ကြီးဖြစ်လာတယ်။ ကိုယ့်မောင်လေးကလဲ သူ့သူငယ်ချင်းတစ်ချို့နဲ့စကားပြောဖို့ ကိုယ့်ကိုခွင့်တောင်းကာ ထွက်သွားတာမို့ တစ်ယောက်ထဲမထိုင်နေချင်တာနဲ့ ထင်လင်းပိုင်ကို ရှာနေတဲ့ ညီမဖြစ်သူကို ကူရှာပေးမယ်လို့ပြောလိုက်တယ်။ မေလင်းပိုင်က မမက လသာဆောင်ကိုသွားရှာပေးပါလားလို့ အကူအညီတောင်းတာမို့ သူတို့အိမ်ထဲပြန်ဝင်လာကာ လသာဆောင်ကိုမေးပြီး တက်လာခဲ့လိုက်တယ်။
လသာဆောင်မှာ မောင်နဲ့ထင်လင်းပိုင်ကိုတွေ့တာနဲ့ ခေါ်ဖို့ လုပ်လိုက်ပေမဲ့ ကြားလိုက်ရတဲ့စကားတွေကြောင့် နားထောင်နေလိုက်မိတယ်။
"ရယ်စရာမပါဘူး၊ ငါအမှန်ကိုပြောနေတာ၊ ဘေဘီကလဲ ငါ့ကိုချစ်သလို ငါကလဲ...ငါကလဲ..."
"အင်း၊ ဆက်ပြောပါဦး"
"ငါကလဲ...ငါကလဲ...ဘေဘီ့ကို မဆုံးရှုံးချင်ဘူး"
ကိုယ့်ကိုချစ်လို့ ဆိုတဲ့စကားအစား မဆုံးရှုံးချင်လို့ ဆိုတာကိုသာပြောတဲ့မောင်ရဲ့ စကားကဘာအဓိပ္ပာယ်မှန်း ကိုယ်မတွေးတတ်တော့ပါဘူး။
"မဆုံးရှုံးချင်လို့တဲ့လား...အဲ့ဒါဆိို ငါတစ်ခု မေးမယ်၊ နင် မ...ကို ချစ်လား"
သူ့မျက်လုံးကို ကြည့်ရင်း မေးလိုက်တော့ တစ်ခုခုကိုကြောက်လန့်နေသလို ဖြစ်သွားတဲ့ သူက
"ငါ...ငါ...ငါ... သေချာမသိဘူး"
ကိုယ့်ကို ချစ်လားဆိုတဲ့အမေးစကားကိုတောင် ချစ်ရသူမောင်က သေချာမသိဘူးတဲ့လေ၊ ရင်နာရတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ မောင်ရယ်...
BẠN ĐANG ĐỌC
Lãng mạnဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...