မနက်မိုးလင်းမောင့်အတွက်မနက်စာပြင်ပေးပြီးလို့ မောင်ရေချိုးတာနဲ့ အိမ်ကိုဖုန်းဆက်တာ ကိုယ့်အမေကို ဆီးချိုစစ်ဖို့သတိပေးရင်း ဒီနေ့အတွက်ဆီးချိုအတက်အကျကိုရေးမှတ်ပါသည်။ အဖေကိုရောအမေ့ကိုရော မောင်လေးကိုပါမကျန် ကျန်းမာရေးဂရုစိုက်ဖို့လဲ ပြောရသည်။
မောင်သိရင်စိတ်မကောင်းမှာစိုးတာကြောင့် ရေချိုးခန်းတံခါးဖွင့်သံကြားတာနဲ့ ညမှထပ်ဆက်မယ်ဆိုတာဖုန်းချလိုက်သည်။ မောင့်အတွက်အဝတ်အစားထုတ်ပေးပြီးတာနဲ့ ထမင်းစားပွဲမှာ မနက်စာအတူစားဖို့ ချစ်ရသူကိုစောင့်တယ်။ နှစ်ယောက်သားမနက်စာတူတူစားပြီးတာနဲ့ အလုပ်ကိုယ်စီသွားဖို့အောက်တူတူဆင်းကြပေမဲ့ မောင့်ကိုအလုပ်သွားဖို့လာခေါ်တဲ့ နေသူရိန်ရဲ့ကားကိုမြင်တာနဲ့ အခန်းတံခါးပိတ်ပြီးကထဲက တွဲလာတဲ့မောင့်လက်ကလေးကိုလွှတ်ဖို့တွေဝေနေမိတာ ဘာလို့များပါလိမ့်။
မောင်တို့ကားလေးထွက်သွားတာကိုမျက်စိတစ်ဆုံးကြည့်ပြီးမှ ဆိုင်ကိုအတွေးများရင်း လမ်းလျှောက်သွားတတ်တာက အကျင့်မလုပ်ပါဘဲ အကျင့်ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။ ဆိုင်ရောက်တော့ အလုပ်ထဲပဲအာရုံစိုက်ရင်း နေ့လည်သုံးနာရီလောက်ကျ ကိုယ်တို့ကော်ဖီဆိုင်နဲ့ အနည်းငယ်မျက်စောင်းထိုး company ကကော်ဖီပါဆယ်မှာတာကြောင့် ကိုယ်သွားပို့ဖို့ဖြစ်လာခဲ့သည်။ ရုံးခန်းထဲအထိလူကိုယ်တိုင်လာပို့ပေးဖို့မှာထားတာကြောင့် မှာထားတဲ့ကော်ဖီတစ်ခွက်နဲ့ စတော်ဘယ်ရီအသီးဖျော်ရည်တစ်ခွက်ကို ကိုယ်တိုင်ဖျော်ကာသွားပို့ခဲ့သည်။
အောက်ထပ်က Reception မှာ အထပ်နဲ့အခန်းကိုသေချာမေးပြီးမှ အပေါ်တက်လာခဲ့လိုက်သည်။ ကိုယ်သွားရမဲ့အထပ်ရဲ့အခန်းရှေ့ကိုရောက်တော့ အတွင်းရေးမှုးက မန်နေဂျာကအစည်းအဝေးသွားနေတာမို့ ခဏစောင့်ပါလို့ပြောလာတာမို့ ထားခဲ့လို့မရဘဲ မတ်တပ်ရပ်စောင့်နေခဲ့ရသည်။ မတ်တပ်ရပ်နေရတာ နာရီဝက်နီးပါးလောက်ကြာတာတောင် ပြန်မရောက်လာသေးတဲ့ မန်နေဂျာဆိုသူကြောင့် ကော်ဖီအပူအေးသွားမှာရော စတော်ဘယ်ရီကရေခဲတွေပျော်သွားမှာကိုရောတွေးပူလာရသည်။
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...