တစ်ကိုယ်လုံးကသွေးတွေပြောင်းပြန်စီးဆင်းသွားသလိုခံစားချက်မျိုး...ကိုယ်တော့ တိမ်တွေပေါ်ထပ်ရောက်ပြန်ပြီထင်တယ် မောင်ရယ်၊ အပေါ်အမြင့်ဆုံးကိုတွန်းပို့ပြီး ပြန်မရိုက်ချခံရဖို့ အဲ့ကထဲက ကိုယ်မျှော်လင့်ခဲ့တာပါမောင်...ဒါပေမဲ့လဲ တချို့အရာတွေက ဖြစ်စေချင်သလိုဖြစ်မလာတတ်ကြကြောင်း ကိုယ်သိပါရက်နဲ့ ရူးမိုက်စွာ မောင့်ကိုယုံကြည်မိပြန်ပါတယ်။
"ဘေဘီကို သိပ်ချစ်တယ်"
ချစ်ရသူနှုတ်ဖျားကဆို တဲ့ ချစ်စကားဟာ ထိုမျှနားဝင်ပီယံရှိကြောင်း ကိုယ်ထပ်သိရပြန်တယ်။
"ပိုချစ်တယ် မောင်..."
ကိုယ့်စကားကြားတော့ ကျေနပ်သွားတဲ့ မောင်က ပါးချိုင့်လေးတွေပေါ်လာအောင်အထိ ပြုံးတယ်၊ မောင့််ပါးချိုင့်ခွက်လေးတွေထဲ ခုန်ဝင်ချင်စိတ်ကတားမရဆီးမရပါပဲ မောင်...
"ပြွတ်...မောင့်ကို သိပ်ချစ်တယ်..."
ကိုယ်နဲ့နီးနေတဲ့ မောင့်ပါးချိုင့်လေးတွေရှိရာ ဘယ်ဘက်ပါးလေးစီ ဦးတည်ကာ အနမ်းခြွေမိတော့ မျက်လုံးလေးတွေပြူးသွားလောက်အောင် မောင့်ရဲ့ အံ့ဩသွားတဲ့မျက်နှာလေးကို ကိုယ့်မှာချစ်မဝရပြန်ပါတယ်။
"ညကျဖုန်းဆက်နော် မောင်..."
မောင့်စီကအဖြေစကားမကြားခင် ကားပေါ်ကဆင်းလို့ လမ်းထိပ်ကနေ အိမ်အထိ ကိုယ်ခြေလှမ်းတွေက မြောက်ကြွမြောက်ကြွနဲ့ လေထဲလမ်းလျှောက်နေသလိုဖြစ်နေခဲ့ပါတယ်။ အဲ့လိုကိုယ့်အပြုအမူတွေကို ဘယ်သူမြင်မြင် ဂရုမစိုက်နိုင်အောင်ကို ကိုယ်ကအပျော်ကြီးပျော်နေခဲ့ပါတယ်။
-------------------------------
"ယောက်ဖ..."
"ပြော..."
"မနေ့က မ...အပြင်သွားတယ်မလား"
"အင်း၊ မင်းကဘယ်လိိုသိတာလဲ"
"လမ်းထိပ်မှာ တွေ့လိုက်လို့၊ ဘယ်သူပြန်လိုက်ပို့တာလဲရော မင်းသိလား"
"မသိဘူး၊ ဒါပေမဲ့ တွေးကြည့်လို့တော့ရတယ်"
"မ...ကို မင်းဘာလို့မတားတာလဲ၊ LGBT ကိုဘယ်လောက်ပဲလူတွေလက်ခံလာပါပြီပြောပြော တကယ်တမ်းကျ လွယ်ကူတာမဟုတ်ဘူးကွ... အထင်သေးခံရတာ၊ အပြောအဆိုခံရတာတွေကို မ...ခံနိုင်ရည်ရှိမယ်လို့ မင်းထင်လို့လား"
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...