အချိန်တွေကုန်လာရင်းမောင့်မွေးနေ့တောင်ရောက်လာတော့မယ်။
မောင့်မွေးနေ့မရောက်ခင် ခရီးပြန်ထွက်သွားတဲ့ မောင့်ဖေဖေကြောင့် ကိုယ်အနည်းငယ်တော့ စိတ်သက်သာရာရခဲ့ပါတယ်။ ဒီကြားထဲ တိုးလာတဲ့ မောင့်အပေါ်ထားမိတဲ့သံယောဇဉ်တွေကတော့ တိုင်းတာလို့မရလောက်အောင်ပေါ့ မောင်ရယ်၊ တွေ့တိုင်း အဖြေတောင်းတတ်တဲ့ အဆိုးအဆာလေးကို အမျိုးမျိုး ဝေ့လည်ကြောင်ပတ်လုပ်ရင်းနဲ့အချိန်တွေကို ဖြတ်သန်းခဲ့ပါတယ်။
မောင့်ဖေဖေနဲ့စတွေ့တဲ့ရက် ကိုယ်မပြန်ခင် မောင့်ဖေဖေမောင့်ကိုခေါ်တာ ဘာကိစ္စလဲဆိုတာကို မောင်လဲမပြောပြခဲ့သလို ကိုယ်လဲမမေးခဲ့ပါဘူး၊ မောင်တို့သားအဖကြားကကိစ္စမို့ မောင်ကမပြောပြခင် ကိုယ်ကဝင်မပါချင်တာလဲပါပါတယ်...
မောင်က မွေးနေ့မှာ ဟိုတစ်ခါကလို ကမ်းနားညစျေးမှာမုန့်သွားစားချင်တယ်ဆိုလို့ မောင်နဲ့အတူ ဒုတိယံမိ အန်တီကြီးဆိုင်ကိုထပ်ရောက်ခဲ့ပြန်ပါတယ်။ ကိုယ်တို့ကိုမှတ်မိနေတဲ့ အန်တီကြီးက ဟိုတစ်ခါကလိုပဲလား သမီးဆိုတဲ့ အမေးမှာ နှစ်ယောက််သား ခေါင်းငြိမ့်ရင်း ပြုံးမိခဲ့ကြတယ်။ ကိုယ်ကတော့ ထုံးစံအတိုင်း မြေအိုးမြှီးရှည်က ဝက်သားပဲဆိုတာရယ်၊ အစပ်က သင်္ဘောသီးထောင်းကိုပါအပါ အစပ်ပိစိလေးတောင်မထည့်တဲ့အကြောင်းထပ်မှာမိတော့ ကိုယ့်ကိုရင်းနှီးနေတဲ့ အန်တီကြီးက"အပျိုကြီးမမရေ..ကျွန်မ သိပါတယ်ရှင့်" လို့ စတော့
"အန်တီကလဲ သမီးကမှားမှာစိုးလို့ပါ ပြီးတော့ အပျိုကြီးမလုပ်ပါဘူးနော် သမီးကအိမ်ထောင်ပြုမှာ" လို့နှုတ်ခမ်းစူရင်ပြောမိတော့ မောင်ကပါ ရယ်တယ်။ အဲ့အခါ ကိုယ့်ရန်ရှာချင်စိတ်ရဲ့ မြှားဦးဟာ မောင့်ဘက်ကို လှည့်သွားပါတယ်။
"ဘာရယ်တာလဲ"
"မရယ်ပါဘူး၊ မမ ပြောတာလေးကိုသဘောကျလို့ပါ"
"အမှန်ပြောတာ လာကြိုက်တဲ့လူတွေများလို့ ခေါင်းခေါက်ရွေးနေရတာ၊ ဟွန့် ဘာမှတ်..." လို့ ရန်စွာမိတော့ မောင်က ရယ်ရင်းနဲ့
"ယုံပါတယ်၊ ယုံပါတယ်၊ အဲ့လိုခေါင်းခေါက်ရွေးရမဲ့လူတွေထဲ မီးကို နံပါတ်၁နေရာကထားပေးပါလို့၊ မီးက မမကိုအတည်ယူမှာမို့လို့လေ"
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...