မောင်တို့်လမ်းထိပ်ကနေ ကမ်းနားညစျေးတန်းစီကားဌားလို့သွားခဲ့ကြတယ်။ ညစျေးတန်းနားမရောက်ခင် မောင်က ကားဆရာကို
"ဒီမှာပဲရပ်ပေးပါ၊ မမ...လမ်းလျှောက်ရအောင်"မောင့်စကားကိုဆို အငြင်းစကားမဆိုတတ်ခဲ့တဲ့ ကိုယ်က ခေါင်းငြိမ့်ခြင်းနဲ့ပဲ လမ်းလျှောက်ခဲ့ကြတယ်။ လမ်းလျှောက်တော့ မောင်က
"လူတွေများတယ် မမ မပျောက်သွားအောင် မီးလက်ဆွဲပေးထားမယ်"တဲ့လေ..ကြည့်ပါဦး ကိုယ်ရဲ့အနာဂတ်ချစ်သူလေးဖြစ်လာမဲ့ မောင်ဟာ မသိမသာနဲ့ သိပ်အသားယူတတ်တဲ့ ကလေးပေါက်စလေးပါလေ...
"ပြောင်းပြန်တွေပါနော် လူကြောက်တတ်တာက ဘယ်သူလဲ.." ဆိုပြီး မေးရင်း ကိုယ်မေးငေါ့ပြတော့ သွား၃၂ချောင်းလုံးပေါ်အောင် ရယ်ပြတဲ့ မောင်ပါလေ...
"လူကြောက်ပေမဲ့ လူတွေတိုးရင်း မမကိုပျောက်သွားမှာ ပိုကြောက်တယ်"
"လူတွေကိုမကြောက်နဲ့ သူတို့လိုပဲ ကိုယ်လဲကိုယ့်လမ်းသွားနေတာပဲလေ၊သူတို့အပေါ်အားနာစရာလုပ်ထားတာမှမဟုတ်တာ မကြောက်နဲ့၊ မမ ရှိတာမို့ ဘာကိုမှမကြောက်နဲ့၊မမလက်ကိုသာသေချာကိုင်ထား..." လို့ ကိုယ်ပြောရင်း ကိုယ့်လက်ကို ကမ်းပေးလိုက်တော့ မောင်က လူတွေကိုကြည့်တယ်၊ ကိုယ့်ကိုကြည့်ချိန်ကိုယ်ပြုံးပြတော့ မောင်ကလဲလိုက်ပြုံးရင်း ကမ်းပေးထားတဲ့ကိုယ့်လက်ပေါ်မောင့်လက်ကလေးလာတင်တယ်...မောင့်စိတ်ထဲဘာကိုမှကြောက်စိတ်မရှိဖို့ ဘယ်သူမှမပေးအပ်တဲ့ တာဝန်တစ်ခုကို ကိုယ်ယူခဲ့ပါတယ်မောင်..ကိုယ်ရှိနေသရွေ့ မောင်ဘာကိုမှကြောက်စရာမလိုဘူးမောင်...စားသောက်ဆိုင်တန်းတွေနားရောက်တော့
"ဘာစားချင်လဲ အပေါမလေး" လို့မေးတော့ မောင်က
"မမ စားချင်တာစား၊ မီးကရတယ်" ချစ်သူကိုဦးစားပေးတဲ့လူတယောက်လိုပြောတဲ့ မောင့်စကားကြောင့် ကိုယ်ကျေနပ်မိပါတယ်မောင်၊ ရူးရူးမိုက်မိုက်ပါပဲ မောင့်စီကနေတစ်သက်လုံးအဲ့လိုအမြဲဦးစားပေးခံရဖို့ တိတ်တခိုးလေးမျှော်လင့်ခဲ့မိပါတယ်မောင်...
"အာ့ဆို မြေအိုးမြီးရှည်စားရအောင် မမ ကြိုက်လို့..." လို့ ကလေးလေးလိုရယ်ရင်းပူဆာသလိုပြောမိတော့ မောင်က ပြုံးတယ်။
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...