Ep 15 (Uni + Zawgyi)

177 8 0
                                    

ညကနောက်ကျမှအိပ်ပျော်ခဲ့ပေမဲ့လဲ အကျင့်ပါနေတဲ့မျက်လုံးက နိုးနေကြအချိန်မှာပဲနိုးလာခဲ့တယ်။ မိုးတွင်းမို့ရာသီဥတုအေးနေပေမဲ့ ခါတိုင်းမနက်ခင်းနဲ့မတူစွာ ထူးထူးဆန်းဆန်းကိုယ့်နှုတ်ခမ်းလေးအပါ ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးနေခဲ့တယ်။

အိပ်ချင်ပြေလို့  ပတ်ဝန်းကျင်ကိုကြည့်မိတော့ မောင့်ရင်ခွင်ထဲမှာ ကိုယ်အိပ်ပျော်နေခဲ့တာကြောင့် နွေးနေခဲ့မှန်းသိရတယ်။ ကိုယ့်နှုတ်ခမ်းနွေးနေခဲ့ရတာ မောင့်လည်ပင်းနဲ့ကပ်နေမိလို့မှန်းသိရတော့ မောင်များကိုယ်မသိအောင်ခိုးနမ်းတာလားဆိုပြီး တစ်ယောက်ထဲ ကျိတ်ပျော်နေမိတဲ့ အပျော်လေးကို ရှက်ရှက်နဲ့ပဲ ပြန်သိမ်းလိုက်ရတယ်။ မနေ့ကအကြောင်းတွေကိုပြန်တွေးမိတော့ ကိုယ်နှုတ်ခမ်းတွေထိန်းမရအောင်ပြုံးမိပြန်တယ် မောင်...

မောင့်ရင်ခွင်ထဲကနေ မောင့်မျက်နှာလေးကို မော့ကြည့်ရင်းမျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လက်လေးနဲ့ဖွဖွလေး ဒုတိယအကြိမ်လိုက်ထိမိပြန်တယ်။ မောင့်ပါးဖောင်းဖောင်းလေးတွေဟာ အိစက်နေကြောင်းကိုယ်ပထမဆုံးအကြိမ်သိလိုက်ရခြင်းပါပဲ၊ အရင်တစ်ခါ မောင့်ပါးချိုင့်လေးကို ထိကြည့်မိတုန်းက သိပ်မသိခဲ့ပေမဲ့ အခုတစ်ကြိမ်မှာတော့ အခွင့်အရေးရတုန်း ကိုင်ကြည့်မိတဲ့ မောင့်ပါးလေးဟာ တစ်ကယ်ကို နူးညံ့နေပါတယ်။ အင်းးးမောင်ဟာ ကလေးလေးပဲရှိနေတာကို...

မောင့်ပါးလေးကို ပိုင်ရှင်မသိအောင် စိတ်တိုင်းကျ ဖျစ်ညှစ်ပြီးတော့ အကြည့်ရောက်မိတဲ့ မောင့်နှုတ်ခမ်းရဲရဲလေးဟာလဲ ပြစ်မှားချင်စရာပါပဲ၊ ကိုယ့်နှုတ်ခမ်းနဲ့မတူ မောင့်နှုတ်ခမ်းလေးဟာ တစ်ကယ်ကို ထူထူပြည့်ပြည့်လေးပါ၊ ရုပ်ရှင်တွေထဲမှာ ပြောကြတဲ့ နှုတ်ခမ်းလေးကချိုတယ်ဆိုကြသလို မောင့်နှုတ်ခမ်းလေးဟာချိုနေမလားသိချင်မိပြန်တယ်။ မောင်က ကလေးလေးပဲရှိသေးတာစိတ်ထိန်းဖို့ ကိုယ့်ကိုကိုယ်သတိပြန်ပေးနေပေမဲ့ ထိန်းမရတဲ့စိတ်ကြောင့် မောင့်ပါးလေးပေါ် ဖြတ်ခနဲ အနမ်း မမြည်တဲ့အနမ်းလေးတစ်ပွင့်ခြွေခဲ့မိတယ်၊ morning kiss လို့အရှက်ပြေပြောရင်းနဲ့ပေါ့ မောင်ရယ်...

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Où les histoires vivent. Découvrez maintenant