မနက်စောစောစီးစီး ဝမ်ရီပေါ်တစ်ယောက်ကြ က်ချေရိုက်နေသည်....ပုံမှန်ဆိုအစောကြီးနိုးနေတက်သူမဟုတ်ပေမဲ့ဒီနေ့ကျ အစောကြီးထကာ အိမ်သန့်ရှင်းရေးလုပ်နေတာပင်....ဘာလို့ဆိုမားက အိမ်ကိုလာမည်ဆိုသောကြောင့်...မားကသူအတွက်လွတ်လွတ်လပ်လပ်နေရအောင်အိမ်တစ်လုံးလက်ဆောင်ပေးထားတာကြောင့်ကျောင်းတက်ရင်းထိုအိမ်မှာလာနေတာဖြစ်သည်...တစ်ယောက်ထဲနေရတာကြိုက်တဲ့ဝမ်ရီပေါ်အဖို့တော့အတော်ကိုအဆင်ပြေနေရှာသား.....ယနေ့မှမားကအိမ်မှာဘယ်လိုတွေနေလဲလာစူးစမ်းမလို့တဲ့လေ...မဖြစ်သေးပါဘူးခုပဲအိမ်သန့်ရှင်းရေးကိုအဆုံးသတ်မှ...
"သားဝမ်ရေ သားဝမ် "
"အမလေး မားလာပြီ..."
လက်ထဲမှာကိုင်ထားတဲ့ဝတ်စုတ်ကိုအမိူက်ဗုံးထဲလွှတ်ပစ်ကာ ကဗျာကသီတစ်ခါးသွားဖွင့်ရသည်.....ခြံသော့ကမားဆီမှာရှိနေတာကြောင့်သူဘာသူဖွင့်ဝင်လာတယ်ထင်....
"မားးးဟဲဟဲ"
"ဟယ် သားဝမ် မင်းရုပ်ကလဲနော်စပ်တိစပ်ဖြဲနဲ့"
"အယ်မဟုတ်ပါဘူးမားရဲ့ဟီးး"
ခေါင်းကိုခပ်ဖွဖွကုပ်ကာရှိသမျှသွားအကုန်ဖြီးပြနေတဲ့သားတော်မောင်ကို ဝမ်ရှားမေ လက်လန်သည်...
"ကဲတစ်ခါးဝကပိတ်ရပ်ထားတော့ မား အထဲကိုဘယ်လိုဝင်ရမလဲ"
" အော်ဟုတ်သား ဝင်ပါမား"
"ဒီခလေးနှယ်"
အိမ်ကိုအသေအချာ ဝမ်ရှားမေ လည့်ပတ်ကြည့်ရူမိသည်....သားလေးကမဆိုးချေဘူးသူအိမ်သူတော့သပ်သပ်ရပ်ရပ်လေးထားသား..
"မား ဘာသောက်မလဲ"
"အမလေးနေပါစေမားသားလေးပင်ပန်းနေမယ် ဒီကိုလာပါအုန်း"
ဝမ်လေး သူ့အနားကိုလာကပ်ထိုင်ကာမိခင်ဖြစ်သူကိုကပ်ချွဲနေသည်.....သားလေးတစ်ယောက်သာရှိပြီးလင်မယားနှစ်ယောက်စလုံးကအသဲခိုက်နေအောင်ချစ်ကြသည်....ခုကြည့်ဘာတွေပူဆာအုန်းမလဲမသိပါပေ....
"မားးးပါးပါးရော်"
"သားဝမ်ရဲ့ပါးပါးက ကုပ်မဏီမှာလေ"