အရာအားလုံးကအကောင်းပဂတိအလားညီစွာဖြစ်တည်နေသည်...ပျော်ရွင်ဖွယ်ရာမိသားစုလေးကိုမြင်တွေ့နေရတော့စိတ်ထဲချမ်းမြေ့သယောင်တောင်ရှိ၏...
"ယောက်ကျား ခလေးကိုလက်ကချပါအုန်း "
"နေပါစေ ရှောင်းကလဲ သားလေးက ချီထားမှကြိုက်တာသဘောကျနေတာကြည့်ပါအုန်း"
ရိပေါ်ရင်ခွင်အနွေးဓာတ်ကိုယူကာ ရှောင်ကျန့်ကိုကြည့်ပြီး ပြုံးဖြီးနေတဲ့သားဖြစ်သူကြောင့်ရှောင်ကျန့် သက်ပြင်းချလိုက်သည်...သားလေး ဝမ်ရှောင်း ကဖခင်ဖြစ်သူကိုခင်တွယ်ရှာသည်....မွေးကင်းစလေးကနေ ခုခါလယ်ကျော်တောင်ရှိပြီ ဖခင်အနားတွယ်ကပ်ကာနေတက်ပြီး ဖခင်ချော့မြူရင်ခနလေးနှင့်အငိုတိတ်သည်...ရုပ်ကလဲ သူ့ဖအေနှင့်တစ်ပုံစံထဲ မှဲ့တောင်မပါမဖြင့်လို့ပါလာရတယ်ထင်ပါ့...
"ကဲပါ ဟုတ်ပါပြီ အာ့မှာသာ နေခဲ့ကြတော့ ငါတော့သွားပြီ"
"အယ်လုပ်နဲ့လေ လာပြီ "
ခလေးကိုချီကနောက်ကလိုက်လာတဲ့ ယောက်ကျားဖြစ်သူကို ရှောင်ကျန့်လှည့်ကြည့်ကာ မျက်စောင်းထိုးလိုက်ပြီးတစ်ဖက်သို့လှည့်ရီလိုက်သည်....နမော်နမဲ့သားအဖတွေ ဟွန့်...
//////////
ရှောင်ကျန့်တို့တွေ သားလေး ဝမ်ရှောင်းတစ်နှစ်လောက်မှာ လူ့ပြည်သို့ပြန်ဖို့လုပ်ရတော့သည်....ယောက်ကျားဖစ်သူရဲ့မိဘတွေလဲယခုလောက်ဆိုအတော့်ကို စိုးရိမ်နေကြမည်မဟုတ်ပါလား...
"ခမည်းတော် တိုင်းပြည်လဲအရင်ကလိုပဲစိမ်းလန်းစိုပြေသွားပြီ "
"ဟုတ်တယ်သားတော်တို့လဲ ထွက်ခွာတော့မလို့လား"
"ဟုတ်ကဲ့ခမည်းတော် "
"ဒါနဲ့ တန်ခိုးကျောက်ပိုင်ရှင်လေးရော်"
"ဟိုမှာလေ ဝီဇူ ပန်းမှလိုချင်ပါတယ်ဆိုလို့ သူ့ဖအေ နဲ့လိုက်ခူးနေလေရဲ့"
"ဟားးမြေးတော်လေးကတော့တကယ်အတက်လေးပဲ"
တန်ခိုးကျောက်ကပျောက်ကွယ်သွားခဲ့ပြီ...ဝမ်ရှောင်းလေ ခါလယ်ကျော်လောက်မှာ တန်ခိုးကျောက်က ဝမ်ရှောင်းကိုစွမ်းအားအကုန်ပေးခဲ့တာပဲဖစ်သည်...နတ်ဘုရားသွေးအပြည့်အဝပါမူ့ကြောင့် ငယ်စဥ်ကထည်းကပြေပြစ်တဲ့ချိူသာတဲ့အသံသြဇာရှိသည်...ရုပ်ကတော့ သူ့ဖခင်အတိုင်းချောမောမပျက်...
