မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျား (part-26)
ရွေသားအတိနှင့်ကျောက်မြတ်ရတနာတွေတစ်လက်လက်ထနေသောနန်းဆောင်တော်ထဲသို့ ချစ်ရသူကခေါ်ဆောင်သွားသည်....ရိပေါ်တစ်ချိန်လုံးငေးကြည့်နေလို့မဆုံးပါပေ...အမှန်တကယ်ဆိုချစ်ရသူက ကိုယ်နဲ့တောင်မတန်သလိုခံစားရသည်..
ပလင်ပေါ်မှာ ကျက်သရည်ရှိရှိထိုင်နေသူက ခန့်မှန်းကြည့်တာနဲ့ရိပေါ်သိချေပြီ ဒါက ချစ်ရသူရှောင်းရဲ့ဖခင်ဖြစ်သူပင်.....နဘေးကညင်သာမူ့အပြည့်နဲ့ထိုင်နေသူက ချစ်ရသူရဲ့မိခင်ဖစ်မည်...
"ရှောင်ကျန့် မင်းရှောင်ကျန့်ပါနော်"
" အော်အကိုရယ် ကို့သားကိုတောင်မမှတ်မိလား"
"မှတ်တော့မှတ်မိတာပေါ့ကွာ....ဝတ်ရုံအဖြူဝတ်ထားလို့"
"အယ် ဟုတ်သားပဲ သားတော်ဝတ်ရုံအဖြူက အိမ်ထောင်သည်တွေပဲဝတ်ကျတာလေခုက သားတော်ဝတ်ရုံမှားလာတာလား"
"ဟို မမှားပါဘူးမယ်တော်....သားတော်ဒီကိုယောက်ကျားဖစ်သူနဲ့ခနအလည်လာတာပါ ဒါကြောင့်ဖခမည်းတော်တို့ကိုလာရောက်နူတ်ဆက်တာပါ"
ရှောင်းကျူးရွယ်ကို့နားကိုတောင်မယုံနိုင်ဖစ်မိသည်သားဖြစ်သူကယောက်ကျားယူလိုက်တာလား ဘုရင်ဖစ်မဲ့သူကလေ...
"ရှောင်းရှောင်ကျန့် မင်းဒါဘာလုပ်တာလဲ ယောက်ကျားလေးတစ်ယောက်ပြီးတော့အိမ်ရှေ့စံတစ်ပါးကယောက်ကျားယူစရာလားကွ "
"အကိုရယ် မ မအော်ပါနဲ့ခလေးတွေကို သားတော်ကသူချစ်လွန်းလို့နေမှာပါ မဆူပါနဲ့ရှင်"
ရှောင်းကျူးရွယ်သားဖစ်သူကိုဒေါသအလွန်ထွက်နေပေမဲ့ ဇနီးဖြစ်သူရဲ့ဆည်းလဲသံတွေကြောင့်ဒေါသကိုအမြန်ရုတ်သိမ်းလိုက်သည်...
"ဟင်းးးရှောင်ကျန့် မင်းယောက်ကျားကဘယ်မှာလဲ"
"ဒီမှာပါ "
ရှောင်းကျန့်နောက်ကထွက်လာသောသူကိုရှောင်းကျူးရွယ်နဲ့ယွမ်ကျန့်တို့နှစ်ယောက်အသေအချာစူးစိုက်ကြည့်မိသည်....
"သားလေး ခေါင်းကိုမော့ပါအုန်း"
ရိပေါ် ခေါင်းကိုမော့ကာမကြည့်ရဲကြည့်ရဲကြည့်မိသည်....ဒီလိုအဖစ်မျိူးကတစ်ခါမှမကြုံဖူးတော့သူထိတ်လန့်နေမိတာအမှန်....