မသေမျိူးတိုင်းပြည်မှာတော့ ဘုရင်ကြီးဟာ သားထွေးလေးကိုရှာဖွေနေရသည်.....အထိန်းတော်ထုံရီကိုမေးကြည့်တော့လူ့ပြည်ကိုသွားသည်တဲ့....ဘယ်အရေးကဒီလောက်ကြီးလို့ကိုယ်နဲ့မအပ်စက်တဲ့လူ့ပြည်ကိုမှသွားသည်မသိ....အကြောင်းမကြားဘာမကြား....ပြန်လာပစေအုန်းတော့...ကောင်းကောင်းဆုံးမပစ်ရအုန်းမယ်...
-*-*-*-*-*-
ဝမ်ရိပေါ်...တစ်ကိုယ်လုံးကိုင်ရိုက်ထားတဲ့ခံစားချက်ကိုနိုးနိုးချင်းခံစားမိသည်.....သိုပေမဲ့သူ့ခေါင်းထဲဝင်လာတဲ့အတွေးတစ်ခုကြောင့် ငုတ်တုတ်ထထိုင်လိုက်သည်....ဟိုလူထူးလူဆန်းခုချိန်ဆိုရှိတော့မည်မထင်....
"ဟူးးးးးတော်သေးတာပေါ့....အယ်ငါ့ခေါင်းကစောနေကကွဲသွားတာမလား"
သူခေါင်းသူကိုင်ကာတွေဝေနေမိသည်..
".ဒါနဲ့ငါဒီလှေကားထစ်ထိပ်မှာပဲ...အိမ်မက်မက်နေတာဖြစ်မယ်အိမ်သန့်ရှင်းရေးလုပ်ပြီးဒီမှာအိပ်ပျော်သွားတာပဲ ဖြစ်မယ်...အိမ်မက်ကလဲအဆန်းကြီး...တော်သေးတယ်ငါ့ခေါင်းအတည်မကွဲလို့"
"လူသားးကောင်"
"အားးးသရဲ!!!"
"ဘယ်မှာလဲသရဲအားးးးခမည်းတော်ကယ်ပါ"
"ခဗျားကသရဲအားးး"
"ငါကသရဲ အားးးးမယ်တော်ရေ"
နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး...ဇွတ်အော်နေကြသည်...အချိန်အတော်အတန်ကြာအော်ပြီးမှ အသိပြန်ဝင်သွားတဲ့ ဝမ်ရီပေါ်တစ်ယောက်ကတော့...ကို့အသံကိုပြန်လန့်မိသည်....တစ်အားအားနဲ့မို့....
"ခဗျားးးအော်မနေစမ်းနဲ့"
"အာ့ အာ့ မအော်တော့ဘူးအာ့အာ့"
"ဟမအြဲ့အာ့အာ့ကဘာလဲ"
"ခုနကအော်ထားတာအရိုန်မကျသေးလို့ အာ့အာ့"
"အော်....ဒုခပါပဲ....ခဗျားနဲ့ဆုံတွေ့တာအိမ်မက်လားလို့အတည်ကြီးပဲ....ကြောက်ပါတယ်ဆို"
"မင်းလူကောင်ကိုလဲ ကြည့်အုန်း..."
"လူကောင်သာကြီးတာအသဲကနုတယ်ဗျ ခဗျားကလူမဟုတ်ဘူးဆိုတော့ ခဗျားရဲ့ဌာနကိုခဗျားပြန်ချည်"
