နောက်တစ်နေ့မှာပဲ ရှောင်ကျန့်တို့ ယောက်ကျားရဲ့မိဘအိမ်ကိုပြောင်းရွေ့ကြတော့သည်...ဟိုကိုရောက်တော့ သူ့နန်းဆောင်သာသာလောက်ကြီးမားတဲ့အိမ်တော်ကြီးပါ...ယောက်ကျား ဖစ်သူရဲ့မိခင်မျက်ဝန်းတွေကတစ်ခုခုကိုဖုံးကွယ်ထားသယောင်မှေးမှိန်နေသည်...နတ်ဘုရားတစ်ပါးဖစ်တာကြောင့်သိသင့်တာတေတော့သိပေမဲ့ယောက်ကျားစိတ်ညစ်မှာစိုး၍ဘာမျှမပြော....ဖခင်ဖစ်သူမျက်ဝန်းတွေကတော့လင်းလက်နေကာ ဖုံးကွယ်စရာတစ်ခုမှမရှိတဲ့အပြုံးမျိူးကိုတွေ့ရသည်.....ဘာတွေဆက်ဖစ်အုန်းမှာလဲ...
"ကဲ ကြည့်ပဲနေကြတော့မှာလား....ဒီကသားလေးနာမည်က ရှောင်းရှောင်ကျန့်နော် "
"ဟုတ်ကဲ့ ခမည်း အဖေ"
"အော်ရပါတယ် ပါးပါးလို့ခေါ်ပါ"
"ဟုတ်ပါးပါး"
"ကို့အိမ်လိုသဘောထားပြီးနေနော်"
"ဟုတ်"
"အိုးးးဒါနဲ့ သားလေးရှောင်ကျန့်က မားတို့ရဲ့မျိူးဆက်ကို မွေးဖွားပေးနိုင်မှာလား"
"မားးး"
"ယူအာ"
ယောက်ကျားရဲ့မိခင်ဖြစ်သူရဲ့ထိုးနှက်တဲ့စကားကြောင့် ရှောင်ကျန့်ခေါင်းကိုသာငုံနေလိုက်ရသည်....သူတို့ကမိဘတွေပဲသားသမီးမျိူးဆက်လိုချင်ရှာမှာပေါ့....ငါမှခလေးမရနိုင်တာ ပြောကြတာမဆန်းပါဘူးလေ...
"အဟင်း မားကသားလေးကိုချစ်လို့စလိုက်တာပါ"
"ဟုတ် ရပါတယ်မား"
"ကဲ သားတို့ နားနားနေနေ နေကြနော်...ပြီးတော့ထမင်းစားချိန်အောက်ထပ်ဆင်းလာခဲ့ကြပါးအခန်းကိုစီစဥ်ထားပြီးသား"
" ဟုတ်ပါး"
ရိပေါ် ချစ်ရသူလက်ကိုဆွဲကာအပေါ်ထပ်တက်သွားတော့သည်...မားကချစ်ရသူကိုမကြည်သလိုပဲ..အဆင်မပြေရင်တော့ဟိုဘက်အိမ်မှာပဲပြန်နေဖို့သူစိတ်ကူးသည်...ချစ်ရသူမျက်နှာညိုးငယ်မှာသူမလိုလားပါချေ...
အခန်းထဲ ရောက်တော့ ပစ်စည်းတွေကိုရိပေါ်တစ်ယောက်ထဲနေရာချလိုက်သည်....ချစ်ရသူကတော့သူနဲ့မကျွမ်းကျင်တဲ့နေရာမို့ရိပေါ်လုပ်သမျှကိုမျက်လုံးလေးကလယ်ကလယ်နဲ့သာကြည့်နေရသည်....
![](https://img.wattpad.com/cover/323519813-288-k926450.jpg)