(part-25)

440 29 0
                                    

မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျား (part-25)

မနက်မိုးလင်းလုပြီ ရှောင်ကျန့် ကတော့နိုးထလာခဲ့ပေမဲ့လင်ယောက်ကျားဖြစ်သူကိုလိုက်လံရှာနေမိသည်...အိပ်ယာပေါ်မှာလဲမရှိ ဒါမှမဟုတ် ရေချိူးခန်းထဲမှာလား....

ရေချိူးခန်းတစ်ခါးဟာခပ်ဟဟပွင့်နေတာကြောင့်တစ်ခါးလက်ကိုင်ကိုကိုင်ကာ ဆန့်ကျင့်ဘက်သို့တွန်းကာ အထဲမှာယောက်ကျားဖစ်သူရဲ့ ပုံစံကြောင့်ရှောင်ကျန့်ရင်ထိတ်သွားရသည်....

"ယောက်ကျား အဲ့တာဘာလုပ်နေတာလဲ "

စကားလဲဆိုသလိုခြေလှမ်းတွေကချစ်တဲ့ယောက်ကျားနားသွားပြီး ထိုင်ချလိုက်သည်....လက်တွေကလဲ မျက်နှာကိုအုပ်ကိုင်ကာမေးမိပြန်...

"ယောက်ကျားဖြေလေ ဘာလုပ်နေတာလဲဟင်...အအေးတွေပတ်ကုန်မယ်ယောက်ကျားရယ်"

"ရှောင်း ကိုယ်ရူးနေပြီထင်တယ်...ကိုယ်လေ လက်ကနေလက်ကနေ ရောင်စဥ်တွေထွက်လာတယ်....ပြီးတော့ပြီးတော့ပူတယ်...ကျင်တယ်...ဒီမှာဒီဖက်လက်မှာပါ အလားတူကြယ်တစ်ခုထပ်ပေါ်လာပြီ..."

"ဟမ် ပြစမ်း "

လက်နှစ်ဖက်စလုံးမှာအရောင်တူပုံစံတူတဲ့ပရိယယ်နှစ်ခုတောင်တွေ့ရသည်....ရှောင်ကျန့် စဥ်းစားလို့မရတော့ဘာလို့များတန်ခိုးကျောက်ကရက်စက်ရတာလည်း...သူကငါ့လင်ယောက်ကျားကိုဘာဖစ်စေချင်နေတာလဲ...

"ပြီးတော့ လက်ဖဝါးကနေမီးရော်ရေရော်ထွက်နေလို့....ကိုယ်ရေပန်းအောင်မှာနေနေတာ အဲ့တာမှလက်ကဘာမှထွက်မလာမှာလေ "

"ရှောင်းကိုဘာလို့မနိုးရတာလဲ ဟင်းးး....လာထဖျားနေမယ် အဝတ်အစားတွေလှဲရအောင်ပြီးတော့ ခေါင်းလဲသုပ်ပေးမယ်လာ"

"ဒါမဲ့"

"ကဲ ဘာမှမဖြစ်ပါဘူးနော်...ရှောင်းတစ်ယောက်လုံးရှိတာကိုလာထ"

ရိပေါ် ချစ်ရသူနောက်လိုက်သွားလိုက်ပြီးချစ်ရသူထုပ်ပေးတဲ့အဝတ်အစားကိုလဲလိုက်သည်...နောက်...ခေါင်းကိုရေခြောက်အောင်သုပ်ပေးနေသည့်ချစ်ရသူအလှကိုငေးမောနေမိပြန်....သူကိုယ်ထဲမှာအမည်မသိတဲ့အရာတွေစီးဆင်းနေတာသတိထားမိပါတယ်...ဒါကအသက်အတွက်စိုးရိမ်စရာမရှိဘူးဆိုတာကိုမသိစိတ်ကအလိုလိုသိနေသည်....ဒါပေမဲ့ထိုအရာကြီးမားလာသူသတိထားမိတဲ့အချိန်ကစပြီးကြောက်လာတာပါ....ဒီအစွမ်းကိုကြောက်နေတာမဟုတ် ချစ်ရသူလေးကိုသူအသိစိတ်လွှတ်ပြီးတိုက်ခိုက်မိမှာသူအရမ်းစိုးရိမ်သည်....ချစ်ရသူကအရမ်းလှတယ် ဘယ်လိုနေနေလှနေတာပဲ....ချောပါ့ပေဆိုတဲ့မိန်းခလေးတွေတောင်ကဗျာဆန်တဲ့ရှောင်းအလှကိုမမှီပါဘူး....ယောက်ကျားလေးတစ်ယောက်ဖြစ်တဲ့အပြင်နတ်ဘုရားတစ်ပါးပါဖြစ်နေတော့အမြဲတမ်းနုပျိူနေတာသူသိသည်...သူကတော့ကြာလာသရွေ့အိုမင်းလာမှာထိုအခါကျချစ်ရသူစိတ်ပြောင်းမည်လား...ချစ်ရသူကိုမယုံတာမဟုတ်...ကံတရားရဲ့အကျိူးအကြောင်းနဲ့လည်ပတ်နေတဲ့နာရီစဥ်ကြီးတွေကိုပါ....

မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျားWhere stories live. Discover now