ရှောင်ကျန့် တို့ဘက်ကတော့စစ်ခင်းရန်အရေးပြင်ဆင်နေကြသည်...
တစ်ဖက်ကရိပေါ်ကတော့ ကျောက်တောင်အောက်ေခြကြားကစလစ်ခဲတွေပေါ်မှာသတိလစ်ကာနေသည်...
"သူဘယ်ရောက်သွားတာလဲ "
လျှိူဟွာ စိတ်ပူစွာလိုက်လံ့ရှာဖွေနေသည်...ရှိသမျှကျောက်ဆောင်တွေလဲနှံ့လို့နေချေပြီ...ယခုထိ ယန်းယူဟန်နဲ့တူသည့်လူသားကိုမတွေ့သေး..ယန်းယူဟန်ဆိုသူကသူ့ရဲ့ချစ်ရသူပင်...ရေခဲစစ်နတ်ဘုရားမရဲ့လက်ချက်ကြောင့်နတ်သက်ကြွေလွှင့်ခဲ့ရသည်...ထိုအချိန်ကစပြီး ဆေးနတ်ဘုရားရာထူးကပယ်ထွက်ကာ အဆိပ်နတ်ဘုရားမရာထူးကိုမရမကယူခဲ့သည်....စစ်နတ်ဘုရားမ ကိုလက်စားချေဖို့စွမ်းအားကိုနေ့ညမပြတ်အားစိုက်ယူခဲ့တာပင်...ယခုတော့ချစ်ရတဲ့ ယန်းယူဟန်နဲ့တူသည့်လူသားကိုတွေ့ခဲ့ရပြီ...ဝမ်းနည်းစရာကတော့သူ့မှာအိမ်ထောင်ရှိသည်တဲ့..အခြားသူမဟုတ် မသေမျိူးတိုင်းပြည်ရဲ့အရှင်သခင်ရှောင်ကျန့်နှင့်တဲ့...ကိုယ်ချစ်ရတဲ့လူသားနဲ့တူသည်သူကိုဖမ်းခေါ်လာမိသည်အပြစ်ကြီးမားတာသိပေမဲ့...မသိစိတ်ကလိုချင်နေလို့ဆိုတာသူခန့်မှန်းမိသည်...
လျှိူဟွာ နေရာအနှံလိုက်ရှာခဲ့ပေမဲ့မတွေ့ရတာကြောင့် လက်လျှော့ကာအိမ်တော်သို့ပြန်ခဲ့ရသည်.....
///////////
"အားးးကျစ်ကျစ်..."
နာကျင်မူ့အပြည့်နဲ့ရိပေါ်နိုးထလာသည်...သူဘယ်နေရာရောက်နေမှန်းမသိ...ကြမ်းတမ်းသည့်ကျောက်သားတွေကြားကအားယူကာတိုးထွက်လိုက်သည်....အဖြူရောင်မိုးသားပြင်ကိုရိပေါ်မော့ကြည့်မိသည်...
"ဒီနေ့နေမရှိဘူး...."
ရိပေါ်ခြေဦးတည့်ရာလျှောက်သွားတော့သည်...သူသွားမည့်လမ်းကိုမသိ...သူနေသည့်နေရာလဲသူမသိ..သူလမ်းလျှောက်ရမည်ဆိုတာတော့သိသည်...သူခြေထောက်တွေအားရှိသရွေ့ပေါ့...
////////////
ရှောင်ကျန့် ကတော့စစ်ဖစ်ဖို့နှစ်ရက်အလိုပင်...
"တပ်သား တိုင်းပြည်အစပ်တွေမှာ အကာအကွယ်တွေချထားသေးလား"
" ချထားပါတယ် မင်းသား "
