(part-30)

464 30 2
                                    

မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျား (part-30)

ရိပေါ်ယနေ့တော့ချစ်ရသူကအစည်းအဝေးရှိနေတာကြောင့်တစ်ယောက်ထဲအဆောင်တော်ထဲမှာကိုယ်ခံအား အဆင့်6ကိုလေ့ကျင့်နေသည်....ဒီနေရာမှာလာနေသည့်တစ်လျှောက်ကိုယ်ခံအားကျင့်စဥ်တွေကိုအဆင့်အတော်အများတက်မြှောက်နေပြီ....ပရိယယ်ကြယ်ကလဲစွမ်းအားနေ့စဥ်နဲ့အမျှပေးစွမ်းပေမဲ့အရင်ကလောက်မနာကျင်တော့အပေးအယူမျှခဲ့သည်....

ကျင့်စဥ်6ကိုကျင့်နေတုန်း အပြင်ဘက်ကခေါ်သံကြားရတာကြောင့် ထကာသွားကြည့်တော့မည်သူ့အရိပ်အယောင်မှမတွေ့ခဲ့ရ ပြန်လှည့်ကာတစ်ခါးပိတ်မည်ကျန်တုန်း စူးရှတဲ့ရနံတစ်ခုကြောင့် ကြမ်းပြင်ပေါ်လဲ၍ကျသွားသည်...သူနောက်ဆုံးသတိထားမိတာကတော့ မိန်းမတစ်ယောက်ကိုပဲ...

အချိန်တစ်ခုသို့ကြာမြင့်တော့ ရှောင်ကျန့်တိုင်းပြည်ရေးအကြောင်းဆွေးနွေးနေရင်း စိတ်ကတော့ ယောက်ကျားဖြစ်သူထံမှာပင် ဒီနေ့မှ သူ့ရဲ့စိတ်တွေအတော်လေးလံနေသည်...အဆောင်တော်ထဲယောက်ကျားဖစ်သူကိုတစ်ယောက်ထဲထားကာထွက်လာသည့်လမ်းမှာထဲက ဟိုခလုတ်တိုက်ဒီခလုတ်တိုက်နှင့်အရာရာအဆင်မပြေ....အစည်းအဝေးမြန်မြန်ပြီးစီးပါစေပဲ ရှောင်ကျန့်စုတောင်းနေတော့သည်....

"ကဲသားတော် ခမည်းတော်ပြောတာအဆင်ပြေရဲ့လား"

"ဟုတ်အားလုံးအဆင်ပြေတယ်ဖခမည်းတော်ပြောတဲ့အတိုင်းလုပ်...ခုပြီပြီလား "

"အေးကွယ်ပြီးပါပြီ ကဲကဲ အခြားသူတွေလဲသက်သာသလိုနေလို့ထိုင်လို့ရပြီ "

အခြားသူတွေ ခမည်းတော်နှင့်ဘာတွေပြောကျန်ရစ်ခဲ့ပါစေ သူဂရုမစိုက်နိုင်အား တခါးပေါက်ရှေ့သို့ခြေလှမ်းကျဲကြီးတွေနဲ့လှမ်းကာ အဆောင်ရှိရာသို့ဦးတည်ခဲ့တော့သည်...

အဆောင်ကိုရောက်တော့ စိတ်ပူပန်မူ့ကအစိုးမရတော့ပါချေနေရာအနှံလိုက်လံကာရှာဖွေကြည့်သည်....ယောက်ကျားဖစ်သူနဲ့​တူသည့်အရိပ်အယောင်တောင်မတွေ့ခဲ့ရအနီးအနားပတ်ဝန်းကျင်ကိုလဲစူးစမ်းရှာဖွေမိပြန်တော့ လုံးဝမတွေ့....ဥယျာဥ်ဘက်သွားတဲ့လမ်းဖြူလေးရဲ့မြက်ခင်းနဘေးစပ်လေးမှာ ချစ်ရတဲ့ယောက်ကျားဖြစ်သူကိုသူပေးထားသည့် ဆွဲကြိုးလေး ကျကျန်နေသည်....ဆဲွဲကြိုးလေးကို ကောက်ယူကာ လက်နဲ့ပွတ်သပ်လိုက်သည်..ယခုအချိန်မှာအရာအားလုံးကဘာမှမရှိသောဟင်းလင်းပြင်ကြီးလိုပဲ...ဝမ်းနည်းသည်...ယောက်ကျားဖြစ်သူကိုစိတ်လဲပူသည်...မည်သူတွေကများသူပိုင်သည့်လူသားကိုလုယူသွားသနည်း...

မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျားWhere stories live. Discover now