(part-31)

455 28 0
                                    

ရှောင်ကျန့်..ယောက်ကျားဖစ်သူပျောက်သွားတာကြောင့်လိုက်ရှာချင်ပေမဲ့ တိုင်းပြည်ရဲ့ကာကွယ်ရေးနေရာမှာလဲ သူမရှိလို့မဖြစ်တဲ့အခြေအနေပင်....စစ်နတ်ဘုရားမ ကတိုင်းပြည်ကိုစိန်ခေါ်ထားမူ့ကြောင့်...အရင်ကဆိုရှောင်ကျန့်နဲ့ယှဥ်မတိုက်တဲ့သူက ယခုယှဥ်တိုက်ရန်စာလွာပို့လို့နေပြီ...သူတို့ဘက်မှာအင်အားကြီးမားသူတစ်ယောက်တော့ဒါမှမဟုတ် မရည်တွက်နိုင်အောင်ရှိနေလို့ပေလား..

"အမတော် ပန်းနတ်သမီးတွေကို လုံခြုံတဲ့နေရာမှာထားခဲ့တယ်မလား"

"အင်း လိူင်ခေါင်းရဲ့အနက်ပိုင်းခြမ်းမှာထားခဲ့တယ်အစားအစာရောဖူဖူလုံလုံထားခဲ့တယ်"

"ပန်းနတ်သမီးရဲ့အစွမ်းကအစားအစာဖန်ဆင်းလို့မရဘူးလား"

" အရင်ကရပါတယ်...ခုက အဆိပ်တစ်ခုကြောင့်ပန်းနတ်သမီးတွေအစွမ်းမှေးမှိန်ကုန်တယ် အာ့ကြောင့် ဒီတိုက်ပွဲမှာသူတို့ကိုထိခိုက်မှာစိုးနေတာ"

"သူတို့အဆင်ပြေကြမှာပါ စစ်နတ်ဘုရားမ ကဘယ်ဘက်ကလာမှာလဲ"

"အရပ်လေးမျက်နှာလုံးကနေဝိုင်းမယ်ထင်တာပဲ "

ရှောင်ကျန့် အမတော်အပြောကြောင့်သက်ပြင်းချလိုက်ကာ အရှေ့မှာ ညီညီညာညာရပ်နေကြတဲ့စစ်မက်တွေကိုအမိန့်ပေးလိုက်သည်....

"ငါတို့ရဲ့အရပ်လေးမျက်နှာစလုံးမှာစစ်နတ်ဘုရားမရဲ့တပ်တွေ ဝိုင်းလာနိုင်တယ် မြို့ရိုးစည်းတွေကိုအထပ်ထပ်ထားပါ တိုင်းပြည်အစပ်မှာဘယ်သူမှမရှိစေနဲ့ မင်းတို့လဲမသွားကြနဲ့....နတ်ဘုရားငယ်လေးတွေ ကို့ကိုကိုကာကွယ်ကြပါ ဒါပေမဲ့ ဇွဲလျှော့နေလို့မရဘူးတန်ခိုးကျောက်နေရာမှာ စစ်မက် တစ်ထောင်ထားမယ်"

ရှောင်ကျန့်စကားအဆုံးမှာ အားလုံးအမိန့်ရရှိအတိုင်းဆက်လုပ်ကြတော့သည်.....

"ကျန့်ထွေးလေး ဘာလို့တိုင်းပြည်အစပ်မှာမစောင့်ခိုင်းရတာလဲ"

"တိုင်းပြည်ဧရိယာကအရမ်းကြီးမားတယ်အဲ့မှာသာစစ်မက်တွေကိုထားထားရင် သူတို့တွေလာတဲ့အခါကျွန်တော်စစ်မက်တွေပဲ ပျက်စီးကြလိမ့်မယ်"

မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျားOù les histoires vivent. Découvrez maintenant