(part-22)

474 31 0
                                    

"ဘာဖစ်လို့လဲ ရှောင်း "

"ဒီအမှတ်အသားက ဘယ်ကဘယ်လို ပေါ်လာရတာလဲ ယောက်ကျား"

"အဲ့ဟာက ကြာပါပြီ ဟိုရှောင်းတိုင်းပြည်ပြန်သွားတုန်းက နှစ်ရက်လောက်ကြာတော့အဲ့ကြယ်ကပေါ်လာတာ ဖျက်ပစ်သေးတယ်မရဘူး"

"ဟုတ်လား ခုပူလား"

"အွန်းးခုနကအရမ်းပူနေတာခုတော့အဆင်ပြေပါပြီ"

"အနီရောင်ပရိယယ်"

"ဟမ် ဘာကိုလဲရှောင်း"

"ဘာမှမဟုတ်တော့ပါဘူး ယောက်ကျားစောစောစီးစီးအိပ်ယာဝင်ကြရအောင်"

"ဒါနဲ့ အဲ့ကြယ်ကအမည်းရောင်လေးပါ ခုပိုကြီးလာပြီးအနီရောင်ဘက်သန်းနေတယ် "

"စိတ်ထဲထားမနေပါနဲ့နော် ဒါက ဘာမှမဟုတ်ဘူး လာအိပ်ကြမယ်"

"အိပ်မယ်လေ အာ့ဆိုလဲ"

အလုပ်လုပ်လက်စတွေကိုအစီအရီထပ်ထားကာ အိပ်ယာထက်လှဲလျောင်းလိုက်သည်...ချစ်ရသူမျက်နှာလှလှလေးကိုလဲ အိပ်ယာဝင်အနမ်းပေးဖို့မမေ့ခဲ့ပါချေ.....ခုညကတော့ဘာလို့မှန်းမသိအစောကြီးအိပ်မောကျသွားခဲ့သည်.....

ရှောင်ကျန့် ယောက်ကျားဖစ်သူအိပ်ပျော်သွားပြီဆိုမှ ရင်ခွင်ထဲကအသာထွက်ကာ ကုတင်ပေါ် ငုတ်တုတ်ထိုင်ပြီး စဥ်းစားနေမိသည်...နောက်ဆုံးယောက်ကျားဖြစ်သူရဲ့လက်ဖဝါးကို ခပ်ဖွဖွကိုင်တွယ်ကာ ကြယ်ရဲ့ဖြစ်တည်မူ့ကိုအသေအချာကြည့်လိုက်တော့...

"ဘာလဲ မီးနတ်ဘုရားလား ဒါမဲ့ ပရိယယ်ကဘာလို့ဖြစ်နေရတာလဲ နတ်ဘုရားတိုင်းမှာ အမှတ်အသားလဲမရှိပါဘူး ဒီကြယ်ကမီးကိုကိုယ်စားပြုတာလားဒါမှမဟုတ် ဖျက်စီးချင်းလားဘာများလဲ....လူသားတစ်ယောက်ကိုဘာလို့ဒီစွမ်းအားတွေပေးရတာလဲ..ဒါမှမဟုတ် တန်ခိုးကျောက်ကစွမ်းအားအသစ်ကိုလူသားကိုပေးအပ်ဖို့ဆန်ဒဖစ်နေတာလား...."

ရှောင်ကျန့်နူတ်ကနေတီးတိုးရည်ရွတ်နေမိသည်...အရာရာကိုသူနားမလည်နိုင်ပါပေ..သူတောင်နှစ်ရာချီအတွင်းအားတွေစုဆောင်းခဲ့ရသည်...ထိုမှသာ တန်ခိုးကျောက်ကစွမ်းအားရွေးချယ်ပေးအပ်တာဖြစ်ပြီးကာကွယ်ရေးနတ်ဘုရားရာထူးရခဲ့ရတာပင်..ယခုကျ အလွှာခြားနေတဲ့လူသားကိုမှ နာမည်မရှိတဲ့ကြယ်တာယာကအမှတ်အသားလုပ်ပြီးစွမ်းအားကိုတိတ်တဆိတ်ထည့်သွင်းနေသည်လား...တန်ခိုးကျောက်ကဘာရည်ရွယ်ချက်များနှင့်လဲ..အစွမ်းတစ်ခါထည့်သွင်းတိုင်းအတော်မျှနာကျင်ရမည်....ယခုယောက်ကျားရဲ့နာကျင်မူ့က ပူလောင်သည်ဆိုတော့ မီးစွမ်းအင်များလား....

မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျားحيث تعيش القصص. اكتشف الآن