မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျား (part-24)
"ရှောင်း ယီဇွမ်းနဲ့ဘာတွေပြောနေကြတာလဲ"
"မပြောပါဘူးယောက်ကျားရဲ့ တိုင်းပြည်အခြေအနေအကြောင်းမေးတာပါ"
"အော် အဆင်ပြေလား ရှောင်းတိုင်းပြည်က"
" သူလဲမသိဘူးတဲ့လေ ထားပါ ဒီဘယ်ရီကိတ်ကစားလို့ကောင်းတယ်ယောက်ကျား"
"ကောင်းလား ကြိုက်ရင်စားချင်တိုင်းဝယ်ကျွေးမယ် ဒါမှမဟုတ်အဲ့ဆိုင်ကိုဝယ်ထားပေးရမလား"
"ယောက်ကျားကလဲနော် ပိုကိုပိုတယ် "
"ရှောင်းမနက်က ကို့ကိုတောင်မစောင့်ဘူးနော်"
"အော် ဟိုနောက်ကျမှာစိုးလို့ပါ"
"ကဲပါ လျှိူ့ဝှက်မနေနဲ့ ဘာဖစ်တာလဲကို့ကိုပြောပြ"
"ရှောင်းပြောပြရင်ယောက်ကျားကမယုံရဂ်ဘယ်လိုလုပ်မဘဲ"
"ကိုယ်ကရှောင်းစကားကိုအကုန်ယုံပြီးသား"
"အွန်းပါ အာ့ဆိုလဲပြောပြမယ် မားခေါ်လာတဲ့မိန်းခလေးရဲ့အနောက်မှာလေ လူလေးယောက်ကအဲ့မိန်းခလေးကိုမျက်ထောက်နီကြီးတွေနဲ့စိုက်ကြည့်နေတာ အဲ့လူတွေကနာနာဘာဝတွေသိလားယောက်ကျား"
"ဟင် ရွမ်းယီ နောက်မှာလားကိုယ်တော့မမြင်ရဘူး ရှောင်းကနတ်ဘုရားဆိုတော့မြင်ရတာမဆန်းပါဘူး ရွမ်းယီ နဲ့သူတို့တွေကပတ်သပ်နေလို့လားမသိဘူး"
"အဲ့တာကိုပြောတာ ရှောင်း အဲ့လိုတွေမြင်ရတော့မနေတက်တော့ဘူး အာ့ကြောင့်ယောက်ကျားကိုမစောင့်ပဲကားထဲဝင်နှင့်တာပေါ့"
" ဟုတ်ပါပြီ ကိုယ်အဲ့ကိစကိုသေချာစုံစမ်းပေးမယ် ရွမ်းယီ ကဘာတွေရူပ်ထားလဲကိုယ်လဲမသိဘူး ပြီးတော့ဝိဉာဏ်တွေကသူ့ဆီမှာဆိုတော့စဥ်းစားစရာပဲ"
"ဟုတ်တယ် ယောက်ကျား ဒါမဲ့ကို့အကြောင်းမဟုတ်တော့မစွတ်ဖက်ရဲဘူး"
"အင်းပါ ကိုယ်သိချင်လို့စုံစမ်းယုံပါပဲ".
" ဟုတ် ဟို...."
"ဘာပြောမလို့လဲ ပြောလေရှောင်း"
"ရှောင်းယောက်ကျားရဲ့အလုပ်ကိုကူလုပ်ပေးချင်တယ်"