မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျား (part-27)
"ယောက်ကျား ယောက်ကျား ဟာကြည့်ခေါ်နေတာကို"
"ဟမ် အင်း ရှောင်းလေး ဘာပြောမလို့လဲဟင်"
"တော်ပါ ခုမှလာပြီး ရှောင်းခေါ်နေတာဖြင့်ကြာလာပြီကို"
"ကိုယ်က ရှောင်းကိုငေးနေလို့ ဘာမှကိုမကြားရတော့တာခွင့်လွှတ်နော်"
"အပိုတွေ ယောက်ကျားကို ေရှာင်းတိုင်းပြည်ရဲ့အလှတွေကိုလိုက်ပြမလို့"
"ရှောင်းအလှကတိုင်းပြည်ကိုရောင်ပြန်ဟပ်နေတာပါ "
"ယောက်ကျားနော်စကားတက်တိုင်းလိုက်ပြောမနေနဲ့....လာ သွားကြမယ် "
"ကောင်းပါပြီ နတ်ဘုရားရှောင်ကျန့်သဘောပါဗျ"
"ကြည့်ရုပ်ကိုကစပ်ဖြီးဖြီးနဲ့ဘာမှန်းကိုမသိဘူး လာ"
"ချစ်လို့ပါကွာ"
"ဒီကလဲမချစ်တာကြနေတာပဲ"
နှစ်ဦးသားကတော့အပြုံးများဝေဆာကာ တိုင်းပြည်ရဲ့အလှတရားကိုရင်သပ်ရူမောစွာမြင်တွေ့ရပြန်တော့စိတ်ထဲကြည်နူးမိပြန်....လှသည်..တိုင်းပြည်ရဲ့ဧရိယာကကျယ်ဝန်းလွန်းလှတာကြောင့် အပေါ်စီးကမြင်တွေ့နိုင်တဲ့တောင်ကုန်းလေးပေါ်သူတို့နှစ်ယောက်တက်သွားကြသည်....ဒါတောင်သိပ်မမြင်ရ...ရုတ်ချည်းဆိုသလို လေထဲဝဲသွားတဲ့ခံစားချက်ကြောင့်ကြည့်လိုက်တော့ချစ်ရသူက လှပစွာလေထဲဝဲပျံနေသည်သူ့ကိုပါလက်ဖဝါးနုနုလေးနဲ့ပွေ့ပိုက်ထားတာဖြစ်ပြီးအမြင့်ဆုံးချယ်ရီပင်ရဲ့ထိပ်ကိုရောက်မှ အရိုန်သက်လိုက်သည်...
" ဒါက မျက်လှည့်လိုမျိူးပဲ တကယ်ကိုလှတယ်"
"ဟုတ်တယ် အရမ်းကိုလှတာ "
တိုင်းပြည်ကြီးကိုအပေါ်စီးကနေကြည့်လိုက်ရင်ရွှေရောင်လွမ်းနေပြီးတစ်လက်လက်ထနေသောရတနာတွေကြောင့်တိုင်းပြည်ကြီးဟာအလွန်ကျက်သရည်ရှိသည်.....သဘာဝအတိုင်းဖူးပွင့်နေတဲ့ပန်းပွင့်ဖက်လေးတွေနဲ့စိမ်းစိုနေတဲ့မြက်ခင်းပြင်ကမျက်ဝန်းထဲအေးချမ်းမူ့ကိုဆောင်ကျင်းသည်.....ရိပေါ်ထိုနေရာမှအကြည့်ခွာပြီး ဘေးနားကချစ်ရသူထံအကြည့်ပို့လိုက်တော့ အဖြူရောင်ဝတ်စုံလေးနဲ့ကို့ရဲ့ရှောင်းကဘယ်လောက်တောင်လှလိုက်သနည်း....ထိုတိုင်းပြည်လှနေတာဟာ ချစ်ရသူရဲ့ဝင်းဝါနေတဲ့အရိုန်အဝါတွေကသက်ဆင်းလာတာပဲဖစ်ရမည်....