(part-21)

475 29 0
                                    

ရွမ်းယီလဲ ချူံးမွဲချကိုငိုတော့သည်....မိခင်ဖစ်သူကိုအားကိုးနေခဲ့ရတာပင် ခုတော့သူ့မှာအားကိုးစရာလဲမရှိတော့သူကိုသူအားကိုးဖို့ကျလုပ်ငန်းအတွေ့အကြုံလဲမရှိတာကြောင်​့ လမ်းပျောက်နေပါပြီ....

မိခင်ရူပ်သွားတဲ့ဇာတ်ရူပ်တော်ကိုလဲမည်သိုရှင်းရမည်မသိပါပေ.....ရဲတွေကလဲတစ်အိမ်လုံးကိုလာစစ်ကြတာဖြစ်ပြီးသူ့ကိုလဲ စစ်လားဆေးလားနှင့်မနည်းကွေကွင်းအောင်လုပ်ခဲ့ရသည်.....ရက်ချိန်းလဲရှိပါသေးသည်...ခုချိန်မှာလိုနေတာကငွေပါ...ဘယ်နေရာမှာရှာရမလဲ...

"ဒေါ်ဒေါ်လဲစိတ်မကောင်းပါဘူးသမီးရယ်"

"ဒါမဲ့ သမီးအခုအားကိုးမဲ့နေရပါပြီ.."

"မပူနဲ့နော်လိုလေးသေးမရှိဒေါ်ဒေါ်တို့ကူညီပေးပါ့မယ်"

"အိမ်တော်ထဲမှာသမီးနေဖို့အစဥ်မပြေဘူးဒေါ်ဒေါ်ရယ်"

"ဟုတ်တာပေါ့ အိမ်မှာလာနေလေ"

"တကယ်နော် ဒေါ်ဒေါ် "

"အော်တကယ်ပေါ့ကွယ်....ကဲနေ့လည်ကျအထုပ်အပိုးတွေယူလာခဲ့နော် အဆင်ပြေမှ ပြန်ကြားလား"

"ဟုတ် ဒေါ်ဒေါ်ကျေးဇူးတင်ပါတယ်ဒေါ်ဒေါ်ရယ်"

"ရပါတယ်သမီးလေးရယ်"

ရွမ်းယီဝမ်းသာသွားရသည်...ကူညီသူရှိလို့...ကျေးဇူးတင်မိတာအမှန်ပါ...

အထုပ်အပိုးတွေပြင်ဆင်ပြီးထားလိုက်သည် မိခင်ဖစ်သူရဲ့အလောင်းဟာတစ်နာရီတစ်ခြားလျှင်မြန်စွာပုပ်သိုးလာတာဖြစ်ပြီးဆိုးရွားတဲ့အနံ့တွေကိုရသည်...နာရေးလာသူတွေဟာလဲနှာခေါင်းရူံကြကာ ခပ်ဝေးဝေးမှာသာရွေ့နေကြသည်.....ထိုအလောင်းကိုနေ့ချင်းချဖို့သာလူကြီးများဆုံးဖြတ်လိုက်တော့သည်....ရဲတွေကလဲ ထိုဆုံးဖြတ်ကိုလက်ခံကြတာကြောင့် နေ့လည်ဘက်မှာပဲ ရွမ်းဇူချီကိုမီးသဂြိုလ်လိုက်ကြသည်......

မိခင်အလောင်းပြာကျသည်နှင့်ရွမ်းယီလဲအိမ်ပြင်လာကာအထုပ်အပိုးတွေနှင့်အတူ ဝမ်အိမ်တော်ကိုဦးတည်ခဲ့ရတော့သည်....

ဝမ်အိမ်တော်ရောက်တော့အထုပ်အပိုးတွေကိုနေရာချကာ ဝမ်သခင်မကြီးကလဲစိတ်ကောင်းရှိရှာသား အောက်ထပ်ခန်းကဧည့်သည်ထားသည့်အခန်းမှာထားသည်သပ်ရပ်သန့်ရှင်းကာနေချင်စဖွယ်ကောင်းတဲ့အခန်းပင်....

မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျားTempat cerita menjadi hidup. Temukan sekarang