"လက်သည် လုပ်ပါအုန်း ဘာဖစ်တာလဲကျန့်ထွေးလေးကခေါ်လို့လဲမရတောဘူး ဟင့်"
"အို မပြောကောင်းမဆိုကောင်း ပင်ပန်းလို့နားနေတာပါ..."
"ဟင် တ တကယ်လား ဘာမှမဖြစ်ပါဘူးနော်"
"တကယ်ပါရှင်.....မင်းသားကိုသန့်ရှင်းရေးလုပ်ပေးလိုက်အုန်းမယ် "
"ဟုတ် ဟုတ်ကဲ့ပါ "
ရှောင်းလီ သက်ပြင်းအရှည်ကြီးကိုချလိုက်သည်....ပင်ပန်းထားလို့ဖြူဖက်နေတဲ့ ကျန့်ထွေးလေးမျက်နှာကိုတစ်လှည့် ဖြူဖြူဥဥ ခလေးနီတာရဲလေးကိုတစ်ဖက်လှည့်ကြည့်ပြီးသက်ပြင်းခနခနချနေတော့သည်...တစ်ခူကိုစိတ်အေးရပေမဲ့ကျန်တစ်ခုက...
"အာ စစ်ပွဲ..."
"အယ်မင်းသမီး မင်းသမီးဘယ်ကိုလဲ"
"မက်လေး စစ်ပွဲထွက်တိုက်နေရတာအဆင်ပြေရဲ့လား သွားကြည့်အုန်းမယ် ကျန့်ထွေးလေးကိုဂရုစိုက်ပေးပါအုန်း လက်သည်ကြီး"
"ရပါတယ် အောင်မြင်ပါစေကွယ်"
ရှောင်းလီ လက်သည်ကြီးကိုတစ်ချက်ပြုံးပြလိုက်ကာ စစ်ပွဲဘက်သို့အပြေးလာကြည့်မိသည်....တိုင်းပြည်နေရာအနှံအပြားပျက်စီးသွားတာပင်.....နတ်ဘုရားများစွာကလဲဝင်ကူတိုက်နေကြသည်...ရိပေါ်ကတော့ လျှိူဟွာ နဲ့ထိပ်တိုက်...တိုက်ခိုက်နေသည်...
"ရှင်က လူသားထင်ထားတာ"
ရိပေါ်ဘာမျှပြန်မပြော....ဒီတိုက်ကွက်ကအလယ်အဆင့် မီးလျှံတိုက်ကွက်...
လျှိူဟွာရဲ့အနက်ရောင်ပန်းဆိပ်ကအတော်မျှလျင်သည်....မိန်းခလေး ပီပီ နွဲ့နှောင်းစွာ သူ့ရဲ့တိုက်ကွက်အမြှောက်အမြားကိုရှောင်ရှားနေသည်....လျှိူဟွာ ရဲ့မျက်လုံးတွေက သူရင်အုံကိုသာ တစ်ချက်တစ်ချက်အကဲခတ်နေတာကိုရိပေါ် သိသည်.....
"အားးးးကျွန်မလက်....အားးး"
"အို့... sorry"
ရိပေါ် လျှိူဟွာ ရဲ့လက်ကောက်ဝတ်တစ်ဖက်ကိုမီးသည်းခြေနဲ့ဖြတ်ပစ်လိုက်ခြင်းပါ...ထိုအရာကအဆိပ်ထက်ပိုခံရသည်....ဖြတ်ပစ်ခံရသည့်လက်ကောက်ဝတ်တစ်လျှောက်ကစပြီး မီးလိုတစ်ရွေ့ရွေ့ပူလောင်မူ့ခံစားရမည်...ခန်နာကိုတစ်ခုလုံးလောင်ကျွမ်းမည်...မီးနတ်ဘုရားရဲ့အရက်စက်ဆုံးလက်နက်ကို ထုတ်သုံးခြင်းခံလိုက်ရတာပါ
..ရိပေါ်ထိုသို့အစွမ်းကိုမထုတ်သုံးလဲ လျှိူဟွာ က နှလုံးသားကိုအဆိပ်ခက်ဖို့ကြံစည်နေတာပင်....တိုက်ပွဲတစ်ခုမှ သနားညှာတာခြင်းမလိုဘူး...ရှောင်းနဲ့ခွဲဖို့ကြံစည်နေတဲ့သူမှန်သမျှ အရက်စက်ဆုံးနည်းလမ်းနဲ့ဖယ်ရှားပစ်မှာပင်...အကယ်၍ ကံကြံမာဖန်လာရင်တောင် ထိုကံကြံမာကြီးကိုမီးပုံတိုက်မည့်လူစားမျိူး...
