မသေမျိူးနတ်ဘုရားရဲ့လင်ယောက်ကျား (part-29)
ပတ်ဝန်းကျင်တစ်ခုလုံးအပ်ကျသံကြားရလောက်အောင်ထိတိတ်ဆိတ်နေသည်....ဘာလို့ဆို ရွမ်းယီ ကိုတရားစီရင်နေလို့ပင်....အကြောင်းစုံကတော့ သူ့ရဲ့လောဘတွေကြောင့်လို့ပဲပြောရမည်...ရွမ်းယီ ဝမ်အိမ်သို့နေ့လည်ဘက်ပြန်ရောက်တော့ ရဲတွေစုဝေးကာရောက်နေကြသည်....ဘာလို့မှန်းသူမသိ..ထိုရဲများက လူသတ်မူ့နဲ့သူ့ကိုလားဖမ်းဆီးသည်ဆိုတာ ဝမ်ကတော်ပြောလို့သိရသည်...ထိုဖြစ်ရပ်တွေကို ဘယ်သူမှမသိ...မိခင်ဖစ်သူကလဲသေဆုံးသွားပြီ..တယောက်သောသူသာသိသည်....ထိုသူက ရှောင်းယီဇွမ်း.... အားလုံးကလိမ်ညာမူ့တွေ...ထောင်ချောက်ထဲမလွဲမချော်ပဲဝင်ရောက်ခဲ့သည်ပင်...
ရွမ်းယီ ယခုအတော်တုန်လူပ်ချောက်ချားနေသည်....လူလေးယောက်ကိုသတ်မူ့ကြောင့်သေဒဏ်ပေးမည်ပင်...ဖခင်ဖြစ်သူကိုပါသတ်သည့်အမူ့ကပိုလို့တောင်ကြီးမားတာဖြစ်ပြီး အခြားသူတွေရဲ့ကဲ့ရဲ့ရွံရှာသောမျက်လုံးတွေနဲ့မျက်နှာချင်းမဆိုင်ရဲတော့...သေ သွားတာမှဒီဝဋ်ကြီးက ကျွတ်လွှတ်အုန်းမည်လို့ သူမ တွေးတောမိသည်...
တရားစီရင်သူကတော့ ထင်ထားခဲ့သည့်အတိုင်းသေဒဏ်ချမှတ်ခဲ့သည်....တစ်ပတ်တိတိအစာရေပြတ်လပ်အောင်ထားပြီးနောက်ရက်ကျကြိုးပေးချင်းပြုလုပ်မှာပါ....
ရှောင်းယီဇွမ်း အခုမှသက်ပြင်းချနိုင်တော့သည်....ရှောင်ကျန့်ပေးခဲ့သည့်တာဝန်ကိုကျေပွန်ခဲ့ပြီမဟုတ်ပါလား...ကြွက်ပေါက်လေးကတော့ ထိုညကလက်လွန်မူ့ကြောင့်ခုထိစကားတောင်မပြော စိတ်ကောက်နေချေပြီ တကယ်ပါပဲကောက်စိန်လေး....
ရုံးအပြင်ဘက်သို့ထွက်လာခဲ့ကာ ကြင်နာရတဲ့ကြွက်လေးဆီ ဦးတည်ပြန်လာခဲ့သည်....
"ကြွက်လေးရေ တခါးတောင်လာမဖွင့်ပေးဘူးနော်"
"ခဗျားမှာ ခြေတွေလက်တွေမပါဘူးလား ကို့ဘာသာကိုဖွင့်ပေါ့"
"စိမ်းကားလိုက်တာကွာ"
"ဘာဖစ်လဲအဲ့တော့ ဘာဖစ်ချင်တာလဲခဗျားက ဟမ်"
"ဘာမှမဖစ်ပါဘူး...ဘာမှလဲမဖြစ်ချင်ပါဘူးဗျာ ကြောက်ပါတယ်"
"ဟွန်းးးကြောင်တောင်တောင်လာမလုပ်နဲ့ "