တားချိန်တောင်မရလိုက်ပါ....လူသားတွေပြောသည့်လက်မှတ်ထိုးတဲ့နေရာဆိုလားဘာဆိုလားကြီးကျယ်လှတဲ့အဆောင်ထဲခေါ်သွားလေသည်....ထိုထဲရောက်တော့.....
"ဒီလိုလက်မှတ်ထိုးတာဟာ.."
" မိဘတွေမသိဘူး...နှစ်ဦးသဘောတူလက်မှတ်လာထိုးတာ..."
လူကြီးဖစ်သူကတာ့ပြောလက်စတောင်နင်လို့သွားရသည်....
"ဟုတ်ပါပြီ...ဒါဆိုမှတ်ပုံတင်လေး"
"မရှိဘူး..."
အမှန်တကယ်ဆိုရိပေါ်မှာရှိပေမဲ့ချစ်ရသူကရှိမှာမဟုတ်တာကြောင့်လိမ်လိုက်ရချင်းပါ....
"ကဲကဲအဲ့တာဆိုလဲ လက်ထပ်စာချူပ်မှာလက်မှတ်ထိုးကြချည်"
ရိပေါ်က စာချူပ်နှစ်ခုစလုံးမှာလက်မှတ်ထိုးလိုက်ပေမဲ့....ရှောင်ကျန့်အလှည့်ကျ ဘာရေးရမှန်းမသိဖစ်နေသည်...
"ရှောင်းလေး..ရေးလေ "
"ဘာရေးရမှာလဲဟင်"
"ရှောင်းရဲ့နာမည်တစ်လုံးကိုရေးပေါ့..."
ရှောင်းကျန့်ကတော့ လူသားကောင်ရဲ့စကားအတိုင်းထိုစာရွတ်ကအောက်ခြေလေးမှာ ကျန့် ဟုရေးသားလိုက်ပေမဲ့ စာလုံးကခုခေတ်နဲ့တော့ကွဲလွဲနေတာအမှန်...လူကြီးတွေကလဲ ရှောင်ကျန့်လက်မှတ်ကိုအထူးအဆန်းကြည့်ခေါင်းဆိုင်ကြည့်ကြသည်.....လူတစ်ရာတောင်တစ်ယောက်မျှထိုစကားလုံးကိုရေးတက်သူရှားသည်...ရှေးအလွန်လွန်များစွာကပေါ်ထွန်းခဲ့သောအရေးအနူန်းပင်....
" ကဲ...ကျွန်တော်တို့ဒီလက်မှတ်တွေယူသွားလို့ရပြီလား"
"အော် ရ ရပါပြီ"
ဒီအတိုင်းလက်မှတ်ထိုးလို့မရပါလာဘ်တော့ထိုးရသေးတာပေါ့...
အိမ်ထဲပြန်ရောက်တော့
"ရှောင်းလေး"
ဆိုဖာပေါ်မှာအမောပြေထိုင်နေကာ....သူတို့နှစ်ယောက်ရဲ့လက်ထပ်စာချူပ်လေးကို တယုတယအထူးအဆန်းကိုင်ကြည့်နေတဲ့ချစ်ရသူလေးက သူ့ခေါ်သံကြောင့် ကြည်လင်တဲ့မျက်ဝန်းလေးနဲ့လှည့်ကြည့်သည်....ဘာလဲဆိုတဲ့သဘောမျိူးတဲ့မျက်ခုံးပင့်ပြသည့်အမူအရာလေးကချစ်စရာပင်...