"ရှောင်ကျန့်"
"ဟမ်လူသားကောင်ဘာပြောမလို့လဲ"
"ကျူပ်လွှတ်လပ်ချင်တယ်ကိုယ့်ဘဝရဲ့လက်တွဲဖော်ကိုလဲကို့ဘာသာရှာဖွေချင်တယ်ဘယ်လိုလုပ်ကမလဲ"
"လူသားတိုင်းကဘယ်တော့မှမလွှတ်လပ်ဘူး"
"ဘာလို့လဲ ကိုယ်လုပ်ချင်ရာလုပ်ခွင့်ရရင်လွှတ်လပ်တာပဲမဟုတ်လား"
"မဟုတ်ဘူး"
"အာ့ဆိုဘာလဲကျူပ်ကိုရှင်းပြ"
"ဒီလိုလေ ခုမင်းကလမ်းလျှောက်တယ် ဒါမဲ့လျှောက်နိုင်တဲ့အတိုင်းအတာတစ်ခုထိပဲလျှောက်နိုင်တယ်လေ....ပြီးတော့ ခုန်တယ်..ခုန်နိုင်တဲ့အမြင့်လောက်ထိပဲမင်းတို့လူသားတေတက်နိုင်ကြတယ်.....ခေါင်းကိုအပေါ်အောက်ဘေးဘီဝဲယာကြည့်ပေမဲ့သူ့မှာအတိုင်းအတာတွေရှိတယ် အဲ့တော့လူသားတေကလုပ်ချင်တိုင်းလုပ်ခွင့်မရှိကြဘူးဘယ်တော့မှမလွတ်လပ်ဘူး"
" အဲ့တာတော့ဟုတ်ပါတယ် အေးပေါ့ခဗျားတို့ကလွှတ်လပ်တဲ့နတ်ဘုရားမျိူးနွယ်ဝင်တွေပဲ...ကျူပ်တို့က အချိန်အတိုင်းအတာတစ်ခုအထိပဲအသက်ရှင်ရမဲ့လူသားတွေလေ"
ထိုစကားကြောင့်ရှောင်ကျန့်တွေတွေလေးဖြစ်သွားသည်....ဟုတ်သည်လူသားကောင်ကသေလူမျိူးနွယ်ပဲ ဘယ်လိုလုပ်ရပါ့....လူသားတွေကဘာလို့သေချိန်ရှိနေကြရတာလဲ ငါလူသားတစ်ယောက်ကိုသံယော်ဇဥ်တွယ်မိနေတယ်...ဖခမည်းတော် အမြဲတမ်းပြောဖူးတဲ့မျက်ရည်ဆိုတာများငါ့မှာရှိနေပြီလား.....ကိုယ်သံယော်ဇဥ်တွယ်မိတဲ့သူသေဆုံးရင်မျက်ရည်ဆိုတဲ့အရာကျရတယ်တဲ့.....
"လူသားကောင် မင်းတို့ရဲ့သက်တမ်းကဘယ်လောက်ထိလဲ"
"သက်တမ်းက၁၀၀အထိပဲ....ဒါမဲ့အဲ့သက်တမ်းထိနေရသူရှားပါတယ်"
"ဟင်.... မင်းတို့ရဲ့သက်တမ်းကငါတို့ထက်အစပေါင်းများစွာနည်းပါးလွန်းတယ်...ဒါနဲ့မင်းအသက်က"
"19နှစ်ပြည့်တော့မယ်"
"ဟမ်.....တကယ်ကြီးလား"
"အင်းလေ ငါအသက်က8000ပြည့်ပြီ"
" ဟင် နှစ်တေအများကြီးဖြတ်သန်းခဲ့တာပဲ"
