"ခဗျားတို့ပြောလို့ပြီးပြီလား"
ကျင်းဟန်ခုမှရီပေါ်ကိုသတိထားမိသည့်....မျက်ခုံးနှစ်ခုကိုစုကျူံကာ အလိုမကျဖစ်နေဟန်ရှိတာကြောင့်ငယ်သူငယ်ချင်းပီပီကိုယ်ပြောနေတဲ့စကားကိုအရှိန်သတ်ပလိုက်ရသည်.....
"အော် ဟုတ်သား ပြောလို့ပြီးပါပြီကွ ဟဲ"
"ကောင်းပြီ ငါ့ကိုခေါ်တာဘာကိစလဲ"
" အော်လာမယ့်ကျောင်းပိတ်ရက်ကျ ဆိုင်ကယ်ပြိုင်ပွဲရှိတယ်ကွ"
"မအေဘေး အဲ့တာကငါ့ကိုဖုန်းထဲကပြောလဲရနေတာကိုကွာ....ငါ့သားလေးကိုအပင်ပန်းခံပြီးစီးလာရတယ်"
"အော်ကွာ...ငါကပြုစုချင်လို့ပါကွ"
"နေပါစေ ဒီလိုနေရာမျိူးသိပ်လာချင်တာမဟုတ်ဘူး"
"အယ်မင်းရဲ့လူကြီးရော်"
"အော်ဘေးမှာလေကွာ"
"ဟျောင့်လှည့်ကြည့်ပါအုန်းမရှိတော့ဘူး"
ရီပေါ်လှည့်ကြည့်လိုက်တော့ ထိုလူမရှိတော့တာကြောင့်ခေါင်းနပန်းကြီးသွားသည်....မအူမလည်နဲ့ဘယ်တွေလျှောက်သွားသလဲမသိ....ဟန်တောင်မဆောင်နိုင်ထရပ်ကာ ဝေ့ဝဲရှာကြည့်တော့ အဝင်အဝနားက တစ်ခါးနားမှာ မိန်းခလေးတွေစုဝေးကာသူ့ကိုပိတ်ရပ်ထားသည်ထင်...ကြည့်ရတာမိန်းမပျက်တွေထင်တယ်....
ရှောင်ကျန့်အဝင်အဝနားမှာချိတ်ထားတဲ့အရာကိုကြည့်ချင်တာကြောင့်ထလာခဲ့သည်...လူသားကောင်ကိုလဲမပြောချင်...စကားပြောနေသည်မဟုတ်လား ထိုအရာနားရောက်တော့ အမျိူးသမီးတွေစုဝေးကာသူ့ရှေ့လာပိတ်ရပ်သည်....ကြောက်ဖို့ကောင်းလိုက်တဲ့အမျိူးသမီးတွေပါတကား...မျက်လုံးမှာလဲရောင်စုံကာလာတွေဖုန်းထားကာ နူတ်ခမ်းတွေကရဲတွတ်နေသည်...အမှတ်တမဲ့ကြည့်ရင်သရဲမလိုလိုစုန်းမလိုလို...
"အကို စတိုင်ကမိမိုက်နေတာနော်"
"အာ အနားမကပ်လာနဲ့စုန်းမတွေ"
"ဘာ....ပျိူတို့ကိုစုန်းမတဲ့သူ့ကိုပညာပေးကြရအောင်"
"လာခဲ့အကို"
"ဟင့်အင်း"
"ရပ်လိုက်ကြစမ်းအဲ့တာဘာလုပ်နေတာလဲ"
