"ရှောင်ကျန့် မင်းနာမည်က ငါ့ချစ်ရသူနဲ့ဘာလို့လာတူနေတာပါလိမ့်"
"မသိဘူးလေရိပေါ် မင်းက ရှောင်းဆိုသူကိုအရမ်းချစ်ပုံပဲနော်"
"ဒါပေါ့ သိပ်ချစ်တာ ပြီးတော့သူမရှိလို့မဖြစ်ဘူး"
"အရမ်းအားကျဖို့ကောင်းတာပဲ"
"အားကျတာက ဘာကိုပြောတာလဲ"
"အားကျတယ်ဆိုတာ မင်းလိုမျိူးငါကိုအရမ်းချစ်တဲ့သူကိုလိုချင်တယ်....မင်းပြောတဲ့ရှောင်းဆိုသူဖြစ်ချင်တယ်လို့ပြောတာ"
" ဖြစ်လို့မရပါဘူး ငါကရှောင်းအပိုင် ရှောင်းကလဲငါအပိုင်ပဲ....ပြီးတော့ ရှောင်းကငါတစ်ဦးထည်းရဲ့အပိုင်လို့ သတ်မှတ်ထားတာ"
"ဟုတ်ပါပြီ ထားပါ ခုဘာစားချင်လဲ"
"ရှောင်းကိုပဲလိုချင်တာ ရှောင်းကိုပဲစားချင်တာ"
ရှောင်ကျန့် ရီရမလိုငိုရမလိုပင်...သူ့နာမည်ကိုတပြီး သူ့ကိုရှောင်းမဟုတ်ဘူးဟု ဇွတ်ပြောနေတဲ့လင်ယောက်ကျားကိုဘယ်လိုရှင်းပြရပါ့မလဲ....
" သူ့ကိုလိုက်ရှာလေ"
" ငါဘယ်လိုရှာရမလဲသိမှမသိတာကို"
"သိအောင်လုပ်ပေါ့"
"အိုက်ယား အရစ်ထုပ်ကြီးကြနေတာပဲ ငါ့ဘာငါရှောင်းကိုရှာမယ်....ခုငါအိပ်တော့မယ်"
"အယ် အင်းပါ ကောင်းကောင်းအိပ်ပျော်ပါစေ"
ရှောင်ကျန့်အပြင်ခနထွက်နေပေးကာ ခနအကြာမှာအဆောင်ထဲပြန်ဝင်သွားတော့ ချစ်တဲ့ဝမ်ကအိပ်မောတောင်ကျလုနေပြီ....နွေးထွေးအောင် စောင်အထူလွမ်းခြုံပေးလိုက်ပြီး သဘက်ခါဖြစ်ပေါ်မည့်စစ်အခြေအနေကိုဆွေးနွေးဖို့အစည်းအဝေးခန်းမသို့ထွက်ခွာလာခဲ့သည်....
အစည်းအဝေးခန်းမထဲရှောင်ကျန့်ရောက်တော့အားလုံးရဲ့အကြည့်က ရှောင်ကျန့်ထံမှမခွာကြ....ဘာဖစ်လို့များပါလိမ့်...
"ဖခမည်းတော် နတ်ဘုရားတွေကဘာဖစ်နေကြတာလဲ"
"သားတော်မှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ဆို...ခမည်းတော်ပျော်ပေမဲ့ စစ်ပွဲအတွက်သားတော်ကိုလွှတ်လိုက်ဖို့စိတ်မချဘူးကွယ်"
