Part 3

6.1K 260 3
                                    

On the other side (အခြားတစ်ဖက်၌)

ဦးနေက သားကို ပစ်ထားတယ်။ အလုပ်ကပြန်
လာတာတောင် စကားတစ်ခွန်းမပြောဘူး။ ခါတိုင်းဆို "ဦးနေ ပြန်လာပြီ" ဆိုပြီး သားကိုပွေ့နေကျ။ ခုတော့ နှုတ်တောင်မဆက်ဘူး။ ဘာကြောင့်လဲဆိုတာ သားသိပါတယ်။သားတီချယ်နဲ့ ဦးနေစကားအရမ်းပြောချင်တာကို သားသိတယ်။ တီချယ်နဲ့ တွေ့ချင်လွန်းလို့ အစောကြီးပြန်လာတယ်၊
တီချယ်နဲ့စကားပြောချင်လွန်းလို့ သားကိုတောင်
နှုတ်မဆက်ဘဲ ခြံထဲမှာပြုံးပျော်ပြီး စကားပြောနေတယ်။ သားဝမ်းနည်းတယ်။

"ဟယ်လို မင်းခန့်ပြော"

ခြံထဲကနေ အိမ်ထဲကိုဝင်မယ်လုပ်တုန်း မင်းခန့်ဖုန်းဆက်တော့ အလုပ်အကြောင်းဆိုတာ သိနေတော့
အိမ်ထဲ မဝင်ဘဲပြောလိုက်တယ်။

*ဆရာ ကျွန်တော်တို့ပိုင်သစ်တွေ ခိုးထုတ်သွားလို့ပါ*

"ဘာ!!!"

*ဟုတ်တယ် ဆရာ*

" တောက်!!!"

*ကျွန်တော်လာခေါ်ရမလား*

"ရတယ် မင်းခန့် ငါလာခဲ့မယ်"

နေမင်းရှိန် အိမ်ထဲတောင်မဝင်တော့ဘဲ ကားနဲ့ အသားကုန်မောင်းထွက်သွားတယ်။ ခြံစောင့်
ကိုလှိုင်မင်းကို မှာခဲ့သေးတယ် *လမင်းကမေးရင် သူ့ဆရာမကပစ္စည်းတစ်ခုမေ့ကျန်ခဲ့လို့ သွားပေးတာပါလို့ပြောလိုက်ပါ* လို့။ ပြီးတော့ နေမင်းရှိန်ကိုယ်တိုင်ကလည်း လမင်းနဲ့မတွေ့ရဲဘူး။ ခုချိန်သူ့မျက်နှာက ဒေါသစိတ်တွေကြောင့် နီမြန်းနေပြီး ကြောက်စရာဖြစ်နေတော့ လမင်းသာတွေ့ရင် သူ့ကို လန့်မှာဆိုးလို့ နှုတ်မဆက်ဘဲ တစ်ခါတည်းသွားတော့တယ်။

"ဗုန်း"

နေမင်းရှိန် ကားတံခါးကိုဆောင့်ပိတ်လိုက်တဲ့အသံ။
ခုသူရောက်နေတဲ့ အိမ်က မြို့နယ်ဝန်ကြီးအိမ်။

"ဒီမှာ ဦးမြတ်ခေါင် ခင်ဗျား ဘာစောက်ချိုးချိုးတာလဲ"

"ငါတကယ် မသိတာပါ နေမင်းရှိန်"

"ကျုပ်ကို စောက်ပေါမှတ်နေလား"

"သူတို့ ဒီလိုလုပ်မယ်ဆိုတာ ငါတကယ်ကို မသိတာပါ"

On the other side(အခြားတစ်ဖက်၌)(Completed)Where stories live. Discover now