Part 16

3.4K 175 14
                                    

On the other side(အခြားတစ်ဖက်၌)

"ဆရာ Mr.Louis က လာနှုတ်ဆက်တာပါတဲ့"

"အထဲကိုလွှတ်လိုက်"

"ဟုတ်ကဲ့"

"မင်းကလည်း မနက်ဖြန်မှပြန်တာမဟုတ်ဘူး"

"မနက်ဖြန်မှ ပြန်ရင် သန်ဘက်ခါမှရောက်မှာ။အခုပြန်ရင် မနက်ဖြန်ညဆို ရောက်ပြီ။Private jetနဲ့ပဲဘာမှစိတ်မပူပါနဲ့"

"မင်းသွားလိုက်ပြန်လိုက်နဲ့ ပင်ပန်းမှာဆိုးလို့ပါ"

"ဟိုမှာက ကျွန်တော်မရှိလို့မဖြစ်ဘူး"

"အဲ့တာလည်း ဟုတ်ပါတယ်။ဒါနဲ့... ဟိုကလေးကိစ္စရော"

နေမင်းရှိန်မျက်စိမျက်နာပျက်သွားသည်ကို အဖေဖြစ်သူရော မင်းခန့်ရောပါသတိထားမိကြသည်။

"ဘာဆက်လုပ်မှာလဲ"

"ဘာမှဆက်မလုပ်ဘူး။ဒီတိုင်းပဲရှေ့ဆက်မှာ"

"မင်းကသူ့ကို တစ်သက်လုံးလိမ်ထားမယ်လို့ပြောချင်တာလား။သူ့မိဘအကြောင်းတွေရော သူ့ကိုအသိမပေးတော့ဘူးလား။ဘာလဲ..မင်းပြောလိုက်ရင် သူကမင်းကိုမုန်းသွားမှာဆိုးလို့လား။မပြောဘဲထားပြီး တစ်ချိန်ချိန်သူသိသွားရင်ရော။အဲ့ကျ.."

"ကျွန်တော်မပြောဘဲ သူမသိဘူး။ဒီကိစ္စကိုသိတဲ့သူက ကျွန်တော်ရယ်၊ အဖေရယ်၊ မင်းခန့်ရယ်ပဲရှိတာ"

"မင်းမေ့နေတာလား။သူ့အမေရှိသေးတယ်လေ"

"သူ့အမေက ကျွန်တော်တို့ရှေ့ရောက်မလာစေရပါဘူးလို့ ကတိပေးခဲ့တယ်လေ။အကယ်၍သူရောက်လာရင်တောင် သူ့ကိုရှင်းထုတ်ရမှာပဲ"

"အဲ့ကလေးပေါ်မှာထားတဲ့ မင်းရဲ့အချစ်တွေငါနားလည်သလို လက်လည်းလက်ခံတယ်။ဒါပေမယ့် အဲ့ဒီကိစ္စတစ်ခုတည်းကြောင့် မင်းနဲ့အဲ့ကလေးရဲ့ဘဝဟာ ပြိုလွဲသွားနိုင်တယ်ဆိုတာမမေ့နဲ့။ဖြစ်လာမယ့် အကျိုးအပြစ်တွေ ရင်ဆိုင်နိုင်အောင် အခုကတည်းက ကြိုးစားထား Louis"

"ကျွန်တော် သွားတော့မယ်"

ဆိုပြီး ထကာ ထွက်သွားသည့်လူရဲ့စိတ်ကို အဖေဖြစ်သူနားလည်ပါသည်။

"မင်းခန့် သားကိုစောင့်ရှောက်ပေးပါ"

"စိတ်ချပါ ဦးလေး။ဦးလေးလည်း ကျန်းမာရေးဂရုစိုက်ပါ"

On the other side(အခြားတစ်ဖက်၌)(Completed)Where stories live. Discover now