On the other side(အခြားတစ်ဖက်၌)
"လမင်း"
"အော် ကိုစွမ်းထက်"
ဘယ်သူပါလိမ့်လို့။ ကိုစွမ်းထက်ကိုး။ မနေ့ကပုံစံနဲ့မတူတော့။ ဒီနေ့ကျတော့ ဆရာဝန်ဝတ်စုံ duty coatနဲ့ဆိုတော့ ပုံစံတစ်မျိုးဖြစ်နေတယ်။
"လမင်း သူက"
"ငါ့အသိပါ"
"ဟင်...ငါဖြင့်မင်းနဲ့ နေလာတာကြာပြီ သူ့ကို တစ်ခါမှမြင်ဖူးဘူး"
အတော်ရှည်တဲ့ မဟာမြိုင် လို့လမင်းတွေးလိုက်သည်။
"မနေ့ကဆုပေးပွဲမှာ ခင်သွားတာ"
"အော်...ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ။ကျွန်တော့နာမည်က မဟာမြိုင်ပါ။ သူကတော့ သူရလင်းပါ"
"ဟုတ်ကဲ့ အစ်ကိုလည်းတွေ့ရတာဝမ်းသာပါတယ်။ အစ်ကို့နာမည်က စွမ်းထက်နိုင်ပါ။ အစ်ကိုက ဆေးမေဂျာက တတိယနှစ်ကျောင်းသားပါ"
"ဟုတ်ကဲ့ဗျ"
ဘယ်သူမှ မမေးဘဲဖြေနေတဲ့ သူငယ်ချင်းတွေနဲ့တော့ တကယ်ပဲ။ ရုပ်ပဲ့လိုက်တာ။
"ဒါနဲ့ ကိုစွမ်းထက်က ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
"လမင်းကို ဓာတ်ပုံလာပို့တာ မနေ့ကအမေရိုက်ပေးတဲ့ပုံလေ အဲ့တာ ပုံထုတ်ပြီးအမေကရရချင်းပေးလိုက်ဆိုလို့"
ဆိုပြီး လက်ထဲက စက္ကူအိတ်ကလေးနဲ့ ထည့်ထားတဲ့ ဓာတ်ပုံလေးကို လမင်းဆီ လက်လေးကမ်းလိုက်တယ်။
"ကျေးဇူးတင်ပါတယ် ကိုစွမ်းထက်"
လမင်းပြောလိုက်တော့ ကိုစွမ်းထက်က ပြုံးပြီး
ခေါင်းလေး တဆတ်ဆတ်ငြိမ့်ပြတယ်။"လမင်း ငါတို့ကြည့်ဦးမယ်"
"အော် အေးကြည့်"
မနေတတ်မထိုင်တတ် အလိုက်မသိတဲ့ ဟိုနှစ်ကောင်ကိုပေးလိုက်တယ်သည်။ ကြည့်ချင်လိုက်ကြတာ။မသိရင် သူတို့ကိုရိုက်ထားတဲ့အတိုင်းပဲ။ စပ်ကိုစပ်စုချင်တဲ့ကောင်တွေ။ ဒီနှစ်ယောက်ကြောင့် ရှေ့တည့်တည့်မှာရပ်နေတဲ့ ကိုစွမ်းထက်တောင် အားနာတာရော ရှက်မိတာရောကြောင့် ဘာလုပ်ရမှန်းမသိတာနဲ့ ရေဗူးကို ဖွင့်ပြီး ရေသောက်ချင်ယောင်ဆောင်နေလိုက်သည်။
YOU ARE READING
On the other side(အခြားတစ်ဖက်၌)(Completed)
RomanceMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023