On the other side(အခြားတစ်ဖက်၌)
လွန်ခဲ့သော (၁၈) နှစ်ခန့်
"ကိုထွဋ်ရေ...ဧည့်သည်တွေလာတယ်"
"အော် ဘယ်သူများလဲလို့ ကိုဘရှိန်တို့ပဲ။ထိုင်ကြပါဦး"
ကိုယ်ရံတော်တွေခြံရံပြီး အိမ်ကို ရောက်လာတဲ့ ဒီလူဟာ ထွဋ်ခေါင်ဟိန်းနဲ့ဟေမာန်သာတို့အတွက်တော့ အထူးဧည့်သည်ပင်။ကျေးဇူးရှင်ဆိုရင်လည်း မမှားပါ။
"လာရင်းကိစ္စကတော့ အရင်လို ပစ္စည်းပို့ခိုင်းဖို့ပါ"
"ဟုတ်ကဲ့"
"ဒီတစ်ခေါက်က များတယ်ဗျ။တန်ဖိုးလည်း အရမ်းကြီးတယ်။တစ်ခုခုလွဲချော်သွားရင် ပစ္စည်းလက်ခံမယ့်သူနဲ့လည်း ပြဿနာတွေတက်သွားနိုင်တယ်။ပြီးတော့ ငွေတွေလည်း အများကြီးဆုံးရှုံးရမယ်"
"ဟုတ်...ဟုတ်ကဲ့ပါ"
"အဲ့တော့ လုပ်နိုင်ပါ့မလား"
"လုပ်နိုင်ပါတယ်"
"မင်းတို့ကို ယုံပြီးသားပါ။ဟိုတစ်ခါ ကိစ္စကိုလည်း စိတ်ထဲမထားတော့ပါဘူး။ကံကြောင့် ဖြစ်သွားတာလို့ပဲ သတ်မှတ်လိုက်တယ်"
"ဟုတ်ကဲ့"
ဟိုတစ်ခါကိစ္စဆိုတာကလည်း သူတို့တင်ပို့ခိုင်းတဲ့ပစ္စည်းတွေ လက်ခံသူဆီမရောက်ပဲ ကြားထဲကနေ ဖြတ်လုခံလိုက်ရခြင်း။ထွဋ်ခေါင်ဟိန်းနဲ့ဟေမာန်သာ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြသည်။ဒီဖြစ်ရပ်က ကံကြောင့်လို့ထင်သလား။လုံးဝမှားတာပေါ့။ဒါကိုလည်း သူတို့တွေအကုန်သိပါတယ်။လုပ်ကြံသူကို ဆက်လက်ရှာဖွေနေတုန်းမို့ ကံကိုပဲ လွှဲချနေခြင်းသာ။
"ဒီတစ်ခေါက်ကတော့ အဲ့လိုမဖြစ်နိုင်ဘူးမို့လား"
"မဖြစ်စေရပါဘူး"
"မင်းတို့ကို ယုံကြည်လိုက်မယ်နော်"
"ဟုတ်ကဲ့ပါ"
ထွဋ်ခေါင်ဟိန်းဟာ ဘိုးဘေးအစဉ်အဆက်အရ ပိုင်ဆိုင်ခဲ့တဲ့ သမိုင်းဝင်ရှေးဟောင်းပစ္စည်း စုစည်းတဲ့ပြတိုက်ပိုင်တယ်။ပိုပြီးစျေးပိုပေးရတဲ့ ပစ္စည်းတွေဆို လေလံတင်တယ်။ရောင်းချတယ်။တစ်ခြားနိုင်ငံပို့တယ်။သူ့အလုပ်ကလည်း ဥပဒေနဲ့မလွတ်ကင်းသလို တရားလည်းမဝင်ပါ။သူတို့ ဒီလိုမျိုး လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တာ ဘယ်သူကြောင့်လို့ထင်လဲ။သေချာပေါက် ဦးဘရှိန်ရဲ့ အာဏာစက်ကြောင့်ပေါ့။
BINABASA MO ANG
On the other side(အခြားတစ်ဖက်၌)(Completed)
RomanceMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023