On the other side(အခြားတစ်ဖက်၌)
"လွန်ခဲ့သော နာရီပိုင်းခန့်က(လမင်းသော်တာ မေ့မြောနေစဉ်)"
ဒေါ်ဟေမာန်သာက တွေ့ချင်လို့ ဆိပ်ကမ်းကိုလာတာတဲ့။ဘာကြောင့်လဲ မသိပေမယ့် စိတ်တော့ခြောက်ခြားနေမိသည်။ဒါ့ကြောင့် ဦးလေးတောင် အိမ်ထိရောက်အောင် လိုက်မပို့ဘဲ ချက်ချင်းပဲ ဆိပ်ကမ်းရှိရုံးသို့ taxi နဲ့ အပြေးအလွှားလာခဲ့ရသည်။
"ဘယ်မလဲ"
"Boss ရုံးခန်းထဲမှာ မုန့်တွေနဲ့ ဧည့်ခံထားပါတယ်ဗျ"
"အင်း တော်တယ်"
သောကြာဆိုတဲ့ကောင်လေး လန့်သွားရသည်။သူ့ဆရာက သူ့ကိုတော်တယ်တဲ့။ဆရာ့ရဲ့ as(assistant =လက်ထောက်) အဖြစ်လုပ်လာတာ (၅) နှစ်ကျော်ပြီ။တစ်ခါမှ ဒီလိုမချီးကျူးဖူးပါ။ထိုအမျိုးသမီးက ဘယ်သူမို့လို့လဲတော့မသိဘူး။
"ဒေါ်ဟေမာန်သာ"
"အော်...ရောက်လာပြီလား...အားရဲ့လားတော့မသိပေမယ့် အရေးတကြီး ပြောစရာရှိလို့ပါ"
"အားပါတယ် ပြောပါ"
"ငါပြောတာကို မင်း သေသေချာချာလေး နားထောင်ပေးပါ"
"ကောင်းပါပြီ"
"ငါ...ငါ့သားဖြစ်တဲ့ လမင်းကို အရမ်းချစ်တယ်...
ငါပေးထားတဲ့နာမည်ထက် မင်းပေးထားနဲ့နာမည်ကို သူက ပိုပြီးနှစ်သက်သလိုပဲ...""................"
"လမင်းမမွေးခင် ငါ မိန်းကလေး အရမ်းလိုချင်ခဲ့တာ။ဆေးတွေသောက်တယ်...ငါနဲ့သူငယ်ချင်းတစ်ယောက် ဖော်စပ်ကြတာ...ဒါပေမယ့် ယောင်္ကျားလေးမွေးခဲ့တယ်။ဘာကြောင့်လဲ ငါတို့လည်း စဉ်းစားမရတော့ လမင်းကို စမ်းသပ်ကြည့်တယ်။အဲ့မှာပဲ သိလိုက်ရတာက လမင်းမှာ သားအိမ်ပါနေတာပဲ"
"ဘာ"
"ဟုတ်တယ်...ထူးခြားဖြစ်စဉ်တစ်ခုပဲ။အရင်တုန်းကလည်း ငါတို့တွေ အဲ့လိုစမ်းသပ်ဖူးတယ်။အောင်မြင်တယ်...လမင်းရဲ့ သားအိမ်ကလည်း မျိုးပွါးနိုင်ဖို့ရာ အဆင်ပြေပါ့မလားဆိုတာ စမ်းသပ်ချင်ပေမယ့် ငယ်သေးလို့ အခွင့်အရေးမရခဲ့ဘူး။ကြီးလာတော့လည်း ခွဲနေရတယ်"
YOU ARE READING
On the other side(အခြားတစ်ဖက်၌)(Completed)
RomanceMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023