ကျေးဇူးတင်လွှာ

1.1K 59 2
                                    

To readers :

အရင်ဆုံး ပြောချင်တာကတော့ ဖတ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ကြောင်းပါ။

ပထမဆုံးရေးတဲ့ fic လေးဖြစ်လို့ အဆင်ပြေပါ့မလားကတော့ အကြိမ်ကြိမ်တွေးခဲ့တာပါ။ပြီးတော့ ဒီficရဲ့ဇာတ်အိမ်ကကြီးတော့ ဇာတ်နိုင်ပါ့မလားကလည်း စိုးရိမ်ရသေး။အဲ့တာတွေက မရေးခင်က အခြေအနေတွေပေါ့။နောက်တော့ ရအောင်၊ဖြစ်အောင်လုပ်မယ်ဆိုပြီး ဇာတ်လမ်း အကြမ်းသဘောကိုချရေးပြီး အစီအစဉ်ဆွဲခဲ့တာပါ။ရေးရင်း၊ရေးရင်းနဲ့ ပေါ်လာတာမဟုတ်ပါဘူး။အပိုင်း(၁)ရေးပြီကတည်းက ဇာတ်ဘယ်လိုသိမ်းရမလဲဆိုတာ စဉ်းစားပြီးသားပါ။ဇာတ်သိမ်းခါနီးမှာ ရေးတုန်းက နည်းနည်းတော့ တွေဝေရသေးတယ်။ဇာတ်သိမ်းမှ ကိုးရို့ကားယား ဖြစ်မှာဆိုးတာပါ။ဒီလိုနဲ့ပဲ သေချာစဉ်းစားရေးပြီး Step by step တက်လှမ်းခဲ့ရတာပေါ့။

ပထမဆုံး ရေးတာမို့လို့လားတော့ မသိပေမယ့် ကိုယ့်ကိုယ်ကိုတော့ အားမရတာ အမှန်ပါ။ဒီထက် ပိုကောင်းအောင် ပုံဖော်ချင်တယ်။ကျွန်မက ကဗျာဆန်တဲ့ အရေးအသားတွေထက် လက်တွေ့ဆန်တာတွေကို ပိုကြိုက်တယ်။ပြောချင်တာက စာကိုဖတ်လိုက်တာနဲ့ မျက်လုံးထဲမှာကို ကွင်းကွင်းကွက်ကွက်မြင်အောင် ပုံဖော်ပြီး ရေးတာတွေကို ကြိုက်ပါတယ်။ပြီးတော့ အလွမ်း၊အဆွေးတွေကိုလည်း သဘောကျတယ်။ပြီးခဲ့တဲ့အပိုင်းတွေကို ပြန်ဖတ်ကြည့်ပြီး စာလုံးပေါင်းမှားတာတွေပြင်ခဲ့ပါသေးတယ်။အရေးအသားမှာလည်း ဘာတွေလိုလဲ စစ်ရင်းနဲ့ပေါ့။အားလုံးပြည့်စုံတယ်ဆိုတာမရှိပေမယ့် ပြည့်စုံအောင် ကြိုးစားနေကြတဲ့သူတွေချည်းပဲပါ။ကျွန်မလည်း အဲ့ထဲကတစ်ယောက်မို့ ကြိုးစားနေပါတယ်။

ဒီficလေးကို ဇာတ်အိမ်ခိုင်အောင် ရေးထားတော့ ရသမျိုးစုံခံစားရမယ်ထင်ပါရဲ့။လူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာနဲ့ မိသားစုကြားက ခံစားချက်တွေပါ ပုံဖော်ရေးထားလို့ အဓိက ဇာတ်ကောင်တွေကများပါတယ်။သူတို့ တစ်ဦးချင်းပေါ်မှာ ခံစားစီးမျှောပြီး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

တစ်ချို့အပိုင်းတွေမှာ ကြည်နူးလိုက်၊ပျော်လိုက်၊ရယ်လိုက် တစ်ချို့အပိုင်းတွေမှာတော့ စိတ်တိုလိုက်၊ဝမ်းနည်းလိုက်၊ငိုလိုက်နဲ့ပေါ့။အဲ့ထဲက ရသတစ်ခုခု ပေးနိုင်ရင်ကို ကျေနပ်စရာကောင်းနေပါပြီ။

On the other side(အခြားတစ်ဖက်၌)(Completed)Où les histoires vivent. Découvrez maintenant