Part-25

3.7K 172 7
                                    

On the other side (အခြားတစ်ဖက်၌)

"အဲ့လိုပဲကြည့်နေတော့မှာလား"

"ဟမ်...."

ပြောလိုက်တော့ သူခိုးလူမိတဲ့ပုံစံဖြင့်။နိုးနေတာကိုမထသေးဘဲ ကိုယ့်ကိုစိုက်ကြည့်နေတဲ့ကောင်လေး။ရင်ဘတ်ပေါ်မှာ လှဲနေတဲ့သူက လှုပ်စိစိနဲ့မို့ ကိုယ်လည်းနိုးလာသည်။

"ဘယ်ချိန်ကတည်းကနိုးနေတာလဲ"

"စပြီးကြည့်နေကတည်းက"

".........."

"ဘာလို့ အဲ့လောက်ကြည့်နေတာလဲ"

"ချောလို့ပေါ့ဗျာ...အရမ်းချောတော့ သူများတွေပိုင်ဆိုင်သွားမှာဆိုးလို့ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရတာပေါ့ဗျာ"

"ဟား.......ဟား......"

စကားတတ်သော လမင်းသော်တာကြောင့် နေမင်းရှိန်ရယ်နေရပါပြီ။

"မပြုံးနဲ့....မဟုတ်ဘူး ကျွန်တော့်ရှေ့မှာပဲပြုံး....သူများတွေရှေ့ဆိုမပြုံးနဲ့...."

"ဟောဗျာ....ဘာဖြစ်ရပြန်ပြီတုန်း"

"ပြုံးလိုက်ရင် ပိုပြီးဆွဲဆောင်မှုရှိသွားတယ်"

"လမင်းရှေ့မှာပဲပြုံးမယ်....ကျန်တဲ့သူတွေရှေ့မှာပြုံးမှာမဟုတ်လို့ စိတ်ချလက်ချချစ်...နော်...စိတ်မပူနဲ့....ဟုတ်ပြီလား....."

"ဟုတ်..."

ရင်ဘတ်ထဲကကောင်လေးကို နောက်တစ်ကြိမ်ဆွဲဖက်လိုက်သည်။

::::::::::::::::
::::::::::::::::

"ဒဏ္ဍာရီများလည်း မဟုတ်ဘူးနော်....ငယ်ရွယ်သူလျှောက်ခဲ့တဲ့လမ်းပေါ်....အခုထိနားမလည်နိုင်သေးတဲ့အကြောင်းရယ်....ရင်ခုန်မိတာအိပ်မက်မဟုတ်ဘူးနော်...."

"အမယ့် ကြီးမေတောင် သီချင်းတွေညည်းနေပါ့လား...."

"သမီး နေခြည်...ဒီနေ့အစောကြီးနိုးနေပါ့လား"

"ဟုတ်တယ် ညက အိပ်ပျော်လို့လေ"

"ဘာစားမလဲ...ကြီးမေပြင်ပေးမယ်"

"ကြီးမေကြည့်ရတာ ပျော်နေသလိုပဲနော်..."

"အယ်...ဟုတ်လား...အင်း....ဒီလိုပါပဲ...သမီးလည်း ဒီနေ့လန်းဆန်းနေသလိုပဲနော်...."

On the other side(အခြားတစ်ဖက်၌)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin