Part-66

3.1K 125 6
                                    

On the other side(အခြားတစ်ဖက်၌)

"ဆရာ J and D က CEO ရောက်နေပါတယ်"

"အော်...မောင်နေမင်းရှိန်လား"

"ဟုတ်ပါတယ်ဗျ"

"ဝင်ခဲ့ခိုင်းလိုက်လေ"

ဦးဝဏ္ဏမောင်ရှိတဲ့ ကားshowroomရုံးကို သူလာဖူးတယ်လို့ မရှိ။အခုလိုလာတာဟာ အရေးကြီးကိစ္စဆိုတာ ဦးဝဏ္ဏမောင် ရိပ်မိပါသည်။

"ထိုင်ဦး...အလာထူးလို့ပါလား"

"ဟုတ်တယ်...ကိစ္စလေးတစ်ခုလောက်မေးစရာရှိလို့ပါ"

"ဘာကိစ္စလဲ"

"ဦးဝဏ္ဏမောင်အရင်တစ်ခါ တွေ့တုန်းက ပြောဖူးတယ်...ဦးမင်းမြတ်တို့နဲ့ ပြဿနာတစ်ခုရှိခဲ့ဖူးတယ်ဆိုတာလေ...မှတ်မိလား"

"အင်း...ဟုတ်တယ်"

"ဘယ်လိုမျိုးလဲ...အတိအကျပေါ့"

"အင်း...တော်တော်တော့ ကြာပြီ။အဲ့တုန်းက သူလိုချင်တဲ့ကားကို သူပြတယ်။ဒါပေမယ့် သူက ငွေမချေသေးဘူး။ဒါပေမယ့် အန်ကယ်တို့ကလည်း အမေနေမကောင်းတော့ ငွေလိုတယ်။အဲ့တာနဲ့ပဲ ငွေအရင်ပေးတဲ့ တစ်ခြားသူကို ရောင်းလိုက်တယ်ဆိုပါတော့။သူ့ပြိုင်ဘက်မှန်းလည်း မသိခဲ့ပါဘူး။အဲ့တာနဲ့ပဲ သူက ပေါက်ကွဲပြီး ကြိမ်းမောင်းသွားတယ်"

"သတိပေးသွားတာမျိုးလား"

"အင်း...အဲ့လိုမျိုးပဲ...အဲ့မတိုင်ခင်က အမျိုးသမီးနဲ့လည်း ပြဿနာဖြစ်ဖူးတယ်"

"ဒေါ်မေသန့်ဇင်နဲ့လား"

"ဟုတ်တယ် ခြံဝန်းကိစ္စပဲ။အိမ်ကအမျိုးသမီးက ဝန်းတစ်ခုကို ရောင်းပေးတာ။အဲ့ဝန်းက ဦးမင်းမြတ်ပိုင်တဲ့ ဝန်းနဲ့ ကပ်လျက်ပဲ။အုတ်တံတိုင်းခတ်တော့ သူ့ဘက်ကို ကျော်ခတ်တယ်ဆိုပြီး အငြင်းပွါးကြသေးတယ်"

"ဒါဆို သူနဲ့ ပြဿနာဖြစ်ဖူးတာက နှစ်ခါတောင်ပေါ့"

"ဟုတ်တယ်"

"ဟုတ်ပါပြီ။အခုကျွန်တော် ပြောမယ့်စကားလေးကို သေသေချာချာနားထောင်ပေးပါ"

"ပြောပါ"

"ဟိုနေ့က ဦးဝဏ္ဏမောင် ဒီပြဿနာတစ်ချို့ကိုပြောတော့ မသင်္ကာတာနဲ့ စုံစမ်းကြည့်သေးတယ်"

On the other side(အခြားတစ်ဖက်၌)(Completed)Tahanan ng mga kuwento. Tumuklas ngayon