On the other side(အခြားတစ်ဖက်၌)
သုံးနှစ်ခန့်ကြာသော်
"လမင်းရေ လူတွေစုံနေပြီနော်"
"ဟုတ်ကဲ့ မမူယာ"
ဖိုင်တွေ တစ်ပွေ့တစ်ပိုက်ကိုင်ကာ သုတ်သုတ်ပျာပျာနဲ့ meeting အခန်းထဲသို့ ဝင်ကာ လူတစ်ယောက်ကို မတွေ့လို့ ပြန်ထွက်လာပြန်သည်။
"မမူယာ CEO လည်း မရောက်သေးဘူး"
"ဟုတ်သားပဲ။လမင်း ဖုန်းဆက်ကြည့်လိုက်ပါလား"
"လူကြီးတွေက စောင့်နေတာကြာပြီ....ဒီလိုလုပ်ပါလား မမူယာ။အမ CEO ကို ဖုန်းဆက်လိုက်။ကျွန်တော် လူကြီးတွေနဲ့ စကားပြောနေလိုက်မယ်"
"ဟုတ်ပြီ....ဟုတ်ပြီ"
"ကျေးဇူးပါ မမူယာ"
"အမယ် ပြောစရာလူကျနေတာပဲ"
လမင်းသော်တာလည်း meeting အခန်းထဲသို့ ဝင်သွားလိုက်သည်။
"CEO က လမ်းကြောအဆင်မပြေသေးလို့ ခဏစောင့်ပါဦးခင်ဗျ"
"ရပါတယ်"
"စောင့်နေတဲ့ အတောအတွင်းမှာ ကျွန်တော် တင်ဆက်မှု အကျဉ်းချုပ်လေးကို ပြောပြပါ့မယ်"
"ကောင်းပါပြီ"
Projector ကို ဖွင့်လိုက်တော့ လှပသော စိန်လည်ဆွဲလေးတစ်ခု ထွက်ပေါ်လာသည်။
"ဒါကတော့ ကျွန်တော် ဖန်တီးထားတဲ့ စိန်လည်ဆွဲဒီဇိုင်းလေးပါဗျ"
"Wow လှလိုက်တာ"
"ဒီဇိုင်းဆန်းလေးပဲ"
"ဒီပုံလေးဆိုရင် တော်တော်ရောင်းရမှာပဲ"
စသော ကောင်းတဲ့ မှတ်ချက်တွေပဲပေးလို့ လမင်းသော်တာ ကြည်နူးနေမိသည်။သူကြိုးစားရကျိုးနပ်ပြီလေ။နေ့မနား ညမနားဘဲ ဒီလိုဒီဇိုင်းပုံပေါ်အောင် ဖန်တီးခဲ့ရတာ။ဘယ်လောက်ခက်ခဲသလဲ သူအသိဆုံး။စီးပွါးရေးနဲ့ ကျောင်းပြီးထားသော်လည်း အခုလို ဒီဇိုင်းပုံတွေ ဖန်တီးတတ်တာ သူ့ရဲ့ hidden talent လို့ပဲ ပြောရမလား။သို့မဟုတ် စီးပွါးရေး မေဂျာနဲ့ ကျောင်းပြီးထားလို့ ဘယ်လိုဟာတွေကို အသုံးပြုရင် အကျိုးအမြတ်ရမယ်ဆိုတာကိုပဲ တွက်ချက်တတ်နေလို့ပဲလား။သေချာတာကတော့ သူဟာ တော်တဲ့ ကောင်လေးတစ်ယောက်ပါပဲ။
ESTÁS LEYENDO
On the other side(အခြားတစ်ဖက်၌)(Completed)
RomanceMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023