On the other side(အခြားတစ်ဖက်၌)
"လမင်း..နိုးနေပြီလား"
"ဟုတ်တယ် ဦးနေကိုမတွေ့လိုက်ရမှာဆိုးလို့ မနက်(၄)နာရီ alarmပေးထားတာ"
"အစောကြီးထရတော့ ခေါင်းတွေမူးနေတော့မှာပဲ။ပြီးကျ ပြန်အိပ်လိုက်ဦး"
"မအိပ်တော့ပါဘူး။လမင်း ခေါင်းလည်းမမူးဘူး"
"သဘောပါဗျာ"
ခေါင်းမာတဲ့ ကလေးကိုနေမင်းရှိန်ပဲအလျှော့ပေးလိုက်ပါသည်။
"သွားတော့မှာလား"
"အင်း"
လို့ပြောရင်းနဲ့ လမင်းသော်တာရဲ့ရှေ့တည့်တည့်ကိုလျှောက်လာပြီးတော့ လမင်းရဲ့လက်လေးနှစ်ဖက်ကိုကိုင်ပြီး ပြောနေတဲ့သူကြောင့် လမင်းသော်တာရင်ထဲတဒုန်းဒုန်း တဒိုင်းဒိုင်း။ပြာလဲ့နေတဲ့ blue sea eyesလို့တင်စားရလောက်တဲ့ မျက်လုံးတစ်စုံရဲ့အကြည့်ကို လမင်းသော်တာမတွန်းလှန်နိုင်ပါ။
"လိမ်လိမ်မာမာနေနော်။ရာသီဥတုကအေးတယ် နွေးနွေးထွေးထွေးလေးဝတ်"
"ဟုတ်..ဟုတ်"
"ကားရောက်နေပြီ အောက်ဆင်းမယ်"
ဆိုကာ လမင်းရဲ့လက်ကိုဆွဲကိုင်ပြီး ခေါ်သွားလေရဲ့။
"ကြီးမေ ကျွန်တော်မရှိတဲ့အချိန် လမင်းကိုဂရုစိုက်ပေးပါဦး"
"အေးပါ သားရဲ့။စိတ်ချလက်ချသာသွား"
"ဟုတ်။အဲ့တာဆို သားသွားတော့မယ်။ လမင်း ဦးနေသွားပြီနော်"
ဦးနေ ကားဆီကိုဦးတည်ပြီးသွားနေတုန်း
"ခဏ"
ဆိုပြီး ပြေးလာကာ နေမင်းရှိန်ရဲ့ရင်ခွင်ထဲသို့ဝင်ကာတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။နေမင်းရှိန်လည်း လမင်းရဲ့အပြုအမူကိုသဘောကျကာ ပြုံးပြီး ပြန်ဖက်နေသည်။
"လမင်းစောင့်နေမယ်နော်"
"ဟုတ်ပါပြီဗျာ"
ခဏလောက်ထပ်ဖက်ပြီး ကားပေါ်ပြန်တက်ကာ လမင်းကို လက်လှမ်းပြပြီး ထွက်သွားသည်။
လမင်းလည်း ဦးနေထွက်သွားတော့ အိမ်ထဲကိုပြန်ဝင်ခဲ့သည်။အချိန်အားဖြင့် (၅)နာရီဆိုပေမယ့် လမင်းပြန်မအိပ်ချင်တော့ပါ။ကြီးမေကို ကူစရာရှိတာကူပေးပြီးမှ မနက်စာစားမယ်။တစ်ပတ်နှစ်ပတ်လောက်တော့ တစ်ယောက်တည်းသာစားရတော့မှာ။ပျင်းစရာကြီးပဲ...။ကျောင်းသွားရင်လည်း တစ်ယောက်တည်းပဲ။လေပေါလို့လည်းမရတော့ဘူး။ခါတိုင်းလိုဘေးနားကနေ လမင်းပြောသမျှကိုနားထောင်ပေးမယ့်သူမှမရှိတာ။ဟူး....ပျင်းနေရတော့မှာပဲ။
VOUS LISEZ
On the other side(အခြားတစ်ဖက်၌)(Completed)
Roman d'amourMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023