Part 1

16.3K 506 27
                                    

On the other side (အခြားတစ်ဖက်၌)

အုံ့မှိုင်းနေသော မိုးတိမ်တွေရဲ့အောက် မှောင်မည်းနေတဲ့ ဂိုဒေါင်ပျက်ထဲမှာ စကားပြောနေတဲ့လူနှစ်ဦး။ဝတ်ထားပုံကိုကြည့်ရုံဖြင့် အထက်တန်းကျတဲ့သူတွေဖြစ်မှန်း သိသာလွန်းတယ်။အခြားသူမဟုတ် ဦီးဘရှိန်နဲ့ သူ့ရဲ့တစ်ဦးတည်းသောသား နေမင်းရှိန်တို့ပဲ။

"နေမင်းရှိန် အခုမင်းဘာဆက်လုပ်ရမလဲဆိုတာ မင်းဘာသာမင်းဆုံးဖြတ်တော့"

လို့ ပြောရင်းနဲ့ မက်တတ်ထရပ်လိုက်ပြီး သူ့သားအား လေးလေးနက်နက်ကြည့်လိုက်သည်။
ခက်ထက်လွန်းလှပါတယ်ဆိုတဲ့ ဦးဘရှိန်ရဲ့
မျက်နှာသည် သူ့သားလောက်တော့မခက်
ထန်ပေ။အရပ်မှာလည်း ဦးဘရှိန်ရှည်တာက သူ့သားကိုမမီ၍ မော်ကြည့်နေရခြင်း။

"ငါမနက်ဖြန်ဆို စပိန်ကိုပြန်တော့မှာ မင်း
အဆင်ပြေသလိုသာ လုပ်လိုက် ဒါပေမယ့်
ရှုပ်ရှုပ်ယှက်ယှက်တွေတော့ မဖြစ်စေနဲ့ပေါ့"

လို့ပြောရင်း သူ့သားပခုံးပေါ်ကို လက်တင်ကာ

"မင်းရဲ့ရည်ရွယ်ချက်ကိုပဲ အာရုံစိုက်ပါ ပြဿနာဆိုတာ ကိုယ်မခေါ်ပဲရောက်မလာတတ်ဘူး"

လို့ပြောပြီးထွက်သွားတယ်။

တစ်ယောက်တည်းကျန်နေခဲ့တဲ့ နေမင်းရှိန်က
သွေးပေနေတဲ့သူ့ရဲ့လက်တွေကို စတိုင်ပင်
ဘောင်းဘီထဲက အိတ်ကပ်ထဲမှာထည့်လာတဲ့
လက်ကိုင်ပုဝါနဲ့သုတ်လိုက်ကာ ဆေးလိပ်ကို မီးညှိပြီး ပြင်းပြင်းထန်ထန်ရှိုက်ကာ ခုံပေါ်မှာထိုင်ရင်း  ခေါင်းကို မျက်နှာကျက်ပေါ်သို့မော့ပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားနေတယ်။

ထိုစဉ်

"Boss ဟိုကလေးကို ဆေးရုံပို့လိုက်ပါပြီ မစိုးရိမ်ပါနဲ့တော့"

သူ့ရဲ့ တပည့် စိုင်းမင်းခန့် ပြောနေတယ်။
စိုင်းမင်းခန့်ဆိုတာ သူ့ရဲ့အယုံကြည်ရဆုံး သူ့အပေါ်သစ္စာအရှိဆုံးသူ့တပည့်ပင်ဖြစ်တယ်။အလုပ်ရှင်တစ်ယောက်လိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုး၊အစ်ကိုလိုတစ်မျိုးခင်တဲ့ နေမင်းရှိန်ကို စိုင်းမင်းခန့်အင်မတန်မှ လေးစားကြောက်ရွံ့ရသည်။

On the other side(အခြားတစ်ဖက်၌)(Completed)Tahanan ng mga kuwento. Tumuklas ngayon