On the other side(အခြားတစ်ဖက်၌)
နေမင်းရှိန် တည်ငြိမ်ကိုပြန်လိုက်ပို့ပြီး အိမ်ကိုသာပြန်လာခဲ့သည်။သူ့ရဲ့ကား ခြံထဲကိုရောက်လာပေမယ့် ခါတိုင်းလို ဟွန်းတီးသံတစ်ချက်တောင်မှမပေးပါ။ကားပေါ်မှဆင်းလာတော့ အရင်ဆုံးတွေ့လိုက်ရတာက ဧည့်ခန့်းထဲမှာ ကြက်မွေးတစ်ချောင်းနဲ့သန့်ရှင်းရေးလုပ်နေတဲ့ကြီးမေ။
"ကြီးမေ"
"သား....ပြန်လာပြီပေါ့။မျှော်လိုက်ရတာ သားရယ်"
ကြီးမေ နေမင်းရှိန်ဆီကိုဝမ်းသာအားရလျှောက်လှမ်းလာတယ်။
"ကြီးမေထက် သားကိုပိုမျှော်နေတဲ့သူရှိတယ် သားရဲ့"
ကြီးမေ ဘယ်သူ့ကိုပြောနေတာလဲဆိုတာကို နေမင်းရှိန်သိပါသည်။
"လမင်းက စိတ်မကောင်းဖြစ်နေတာရှာတာ"
"..........."
"ပြီးတော့......သူမနေ့ညကတည်းက အခုထက်ထိ ဘာမှမစားရသေးဘူး"
"ဘယ်လို!"
"ဟုတ်တယ် သား။ကြီးမေလည်း ချော့ကျွေးတယ်။မစားချင်ဘူး မဆာလို့ဆိုပြီးပဲပြောပြောနေတာ"
"ဒီကလေးကအရမ်းခေါင်းမာတာ။ဘာကိစ္စအစာတောင်မစားနိုင်ရတာလဲ။အစာအိမ်တွေဖြစ်ကုန်တော့မှာပဲ"
"........."
"ကြီးမေ သူစားဖို့တစ်ခုခုပြင်ထားလိုက်"
ပြောပြီး လမင်းသော်တာအခန်းသို့တက်သွားသည်။
ဒီကလေး တကယ်မလွယ်...။တစ်ခုခုစိတ်အလိုမကျရင် အစာငတ်ခံဆန္ဒပြတတ်တဲ့အကျင့်ကရှိသေး။ဟော...အဲ့ကျသူ့ကို သူ့ကိုစိတ်ပူတတ်တဲ့ကိုယ်ကစိတ်မကောင်းဖြစ်ရရော။တကယ်ဆို စိတ်ဆိုးသင့်တာသူက ကိုယ်လေ။ဒါပေမယ့်.......သူ့ကိုချစ်လွန်းလို့ အလျှော့ပေးလိုက်ပါသည်။ချစ်လွန်းလို့ အလျှော့ပေးတာကို ဘာမှမပြောဘူးဆိုပြီး နောက်ခါတွေထပ်လုပ်မှာကိုလည်း စိုးရိမ်မိပြန်သည်။ကိုယ့်ထက်အသက်(၂၀)လောက်ငယ်တဲ့သူကိုချစ်ရတာ မလွယ်ပါလား။အခုလည်း ခေါင်းမာတဲ့ ထိုမလွယ်ကောင်လေးကိုသွားတွေ့ရမည်။
နေမင်းရှိန် အခန်းတံခါးရှေ့မှာရပ်နေပြီး တံခါးလက်ကိုင်ကို လှည့်ကြည်တော့ လော့ချထားခြင်းမရှိလို့ ဝင်သွားလိုက်တော့ အိပ်ရာပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ ကလေးကိုတွေ့လိုက်သည်။
BINABASA MO ANG
On the other side(အခြားတစ်ဖက်၌)(Completed)
RomanceMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023