Part-27

3.1K 146 9
                                    

On the other side(အခြားတစ်ဖက်၌)

"စေ့စပ်သည့်နေ့"

"အရမ်းလှတယ် လမင်း"

အညိုရောင်ပိုးပုဆိုးလေးနဲ့ အဖြူရောင် လက်ရှည်လေးဝတ်ဆင်ထားသော ကောင်လေးသည် နုပျိုငယ်ရွယ်မှုကြောင့်သာမက သူ့ရဲ့ နဂိုမူရင်းရုပ်အခံလေးကြောင့် ဝင်းဝါလှပနေသည်။စိတ်ထားကောင်းတဲ့သူတစ်ယောက်ဆိုတာ မျက်နှာကြည့်ရုံဖြင့် သိနိုင်သည်။

"ဦးနေ ကလည်းအရမ်းခန့်နေတယ်ဗျာ"

ဥရောပစပ်မို့ မျက်နှာက အနောက်တိုင်းမျက်နှာဖြစ်နေတော့ မြန်မာဝတ်စုံနဲ့ ပုံစံတစ်မျိုးဖြစ်နေသည်။မလိုက်တာမဟုတ်။ပိုပြီးတောင် ခန့်ညားမှုရှိနေသည်။နိုင်ငံခြားလူတစ်ယောက်က ပထမဆုံးအကြိမ် မြန်မာဝတ်စုံဝတ်တော့ အသစ်အဆန်းဖြစ်နေခြင်းသာ။

"ကိုယ်...ကိုယ်တစ်ခါမှ ဒီလိုမျိုးမဝတ်ဖူးဘူး...အခုတောင် လမင်းဝတ်ခိုင်းလို့ဝတ်ရတာ...."

"အရမ်းလိုက်တယ်ဗျာ...နဂိုကတည်းက ရင့်ကျက်တဲ့မျက်နှာဖြစ်နေတာကို အခုလိုဝတ်လိုက်တော့ တကယ့်ကို လူကြီးဆန်သွားတယ်"

ဆံပင်ကို ခါတိုင်းလိုပဲ သပ်တင်ထားကာ ပုဆိုးကိုပါဝတ်ဆင်ထားတော့ လုံးဝကို gentleman type နဲ့ ကျက်သရေရှိနေသည်။

"အခုမှကြည့်မိတယ်...လမင်း အခုလိုဝတ်လိုက်တော့ ခန္ဓာကိုယ်ကတော်တော်သေးသွားတာပဲ"

"ဟမ်...ဟုတ်လား"

"အစားများများစားရမယ်နော်....အားဆေးလည်းကျွေးရဦးမယ်...."

"အာ...အဲ့တာတွေမလိုပါဘူး...."

"မလိုလို့ မရဘူး...လူကောင်ကအရမ်းသေးနေတယ်....အာဟာရပြည့်အောင်တော့နေရဦးမယ်လေ"

"ကျွန်တော်က လူကောင်ကသာ သေးတာ....ဦးနေကိုချစ်ပေးမယ့် နှလုံးသားအကြီးကြီးတော့ ရှိပါတယ်နော်...."

"ဟား...ဟား....အတတ်ကလေး...စကားကိုနိုင်အောင်ဘယ်လိုပြောရမလဲတောင် သိနေပြီပဲ"

"ဟီး......ဟီး........"

ထို့နောက် နေမင်းရှိန် လမင်းသော်တာရဲ့ နဖူးကို သူ့နဖူးနဲ့ထိကပ်လိုက်ပြီး

On the other side(အခြားတစ်ဖက်၌)(Completed)Where stories live. Discover now