Part-53

1.6K 69 4
                                    

On the other side(အခြားတစ်ဖက်၌)

ပန်းဝယ်ပြီး ကားparking ဘက်ကို အရင်ဆုံးသွားပြီး CEO ရဲ့ ကားရှိမရှိ အရင်ကြည့်ရသေးသည်။ကားအနက်ကလေးကို မမြင်တော့ လမင်းသော်တာရဲ့ အစီအစဉ်တစ်ဝက် အောင်မြင်သွားပြီ။

နေ့လည်စာ စားတဲ့အချိန်ဖြစ်လို့ အထပ်တိုင်းလိုလို လူရှင်းနေသည်။ထမင်းစားခန်းထဲမှာ စုနေခြင်း သို့မဟုတ် အပြင်ထွက်စားကြခြင်း ဖြစ်လို့ပင်။

CEO ရဲ့ ရုံးခန်းထဲသို့ မဝင်ခင် ဘယ်ညာတစ်ချက်ကြည့်လိုက်ရသည်။ဘယ်သူမှမရှိလို့ ရုံးခန်းထဲကို ဖြည်းဖြည်းချင်းဝင်သွားသည်။ဝယ်လာတဲ့ ပန်းစည်းလေးကို စားပွဲပေါ်တင်ပြီး စက္ကူစာရွက်လေးပေါ်မှာလည်း စာလေးရေးလိုက်သည်။

မိမိအစီအစဉ်အောင်မြင်သွားတော့မှ ရုံးခန်းထဲကနေပြန်ထွက်လာပြီး ကိုယ့်နေရာကို ပြန်ထိုင်ကာ ပန်းပိုင်ရှင်ကို စောင့်မျှော်နေသည်။

"ဟယ် လမင်း...ပြန်ရောက်နေပြီလား"

"ဟုတ် အမ"

"နေ့လည်စာရော စားပြီးပြီလား"

"ဟို...ကျွန်တော် မဆာသေးလို့ဗျ"

"အော်...အေးအေး"

*ဒီနေ့ လမင်းနဲ့ CEO ပြဿနာတစ်ခုခုရှိသလို ဆုပြည့်ခံစားရသည်။ဘာလဲဆိုတာတော့မသိ။ဆုပြည့်အထင်ပြောရရင် လမင်းက CEO မကြိုက်တာ တစ်ခုခုလုပ်ထားပုံပဲ။ဒါ့ကြောင့် စိတ်တိုနေတာ။မဟုတ်ဘူး...စိတ်ဆိုးနေတာ။လမင်းကလည်း ချော့ချင်ပေမယ့် မချော့တတ်ဖြစ်နေတာ။အင်းလေ...ဒီလောက်ခက်ထန်နေတဲ့ CEO ရုပ်ကြီးကို ကြည့်ပြီး ဘယ်သူက ချော့ရဲမှာလဲလို့...*

ခဏအကြာမှာ ဓာတ်လှေကားထဲကနေ ဖုန်းပြောနေသော အရပ်မြင့်မြင့်နဲ့ အင်္ကျီနက်ပြာရောင်ဝတ်ဆင်ထားသော လူတစ်ယောက်ထွက်လာသည်။မျက်နှာက အရင်ကတည်းက တင်းမာနေတဲ့ပုံဖြစ်ပေမယ့် ဒီနေ့တော့ ပိုပြီးကို တင်းမာခက်ထန်နေသည်။တစ်ရုံးလုံးက သူ့ရဲ့ အခြေအနေကို ကြည့်ပြီး အမှားသေးသေးလေးတောင် မကျူးလွန်မိအောင်ကို ကြိုးစားနေရသည်။သူတို့ကြောင့် စိတ်တိုနေတာမဟုတ်ပေမယ့် မြှားဦးလှည့်လာမှာကိုတော့ အားလုံးကြောက်ကြရသည်။အချို့ကတော့ CEO ဒီလိုဖြစ်တာ မနက်က စာရင်းကိုင်ကြောင့်လို့ထင်ကြသည်။စာရင်းကိုင်ကြောင့်မဟုတ်ဘဲ မနေ့ညကတည်းကဆိုတာကိုတော့ လမင်းသော်တာ တစ်ယောက်သာ သိ၏။

On the other side(အခြားတစ်ဖက်၌)(Completed)Where stories live. Discover now