Part 19

3.4K 177 20
                                    

On the other side(အခြားတစ်ဖက်၌)

"အဖေရယ် ဖြေးဖြေးခေါ်ပါ့"

ဦးကျော်ဇင်မောင် သမီးဖြစ်သူ ဧကရီစံ၏လက်အားဆွဲ၍ ကားပေါ်မှဆင်းချလာသည်။

"အဲ့တာ ဘာဖြစ်လာကြတာလဲ"

သမီးဖြစ်သူ၏ အော်သံကြောင့် အခန်းထဲမှပြေးထွက်လာသော အမေဖြစ်သူဒေါ်ယဉ်မေဦ်း။

"မေမေ....ဖေဖေက လက်ကိုအတင်းဆွဲပြီးခေါ်လာတာ"

သူ့အမေအား ချွဲသံလေးပြုကာပြောလိုက်တော့

"တော်ကဘာဖြစ်လို့ ကလေးလက်ကိုအတင်းဆွဲခေါ်လာရတာလဲ"

"ငါ့ကို မမေးနဲ့။နင့်သမီးနင်မေး"

"ဟမ်...သမီးဘာလုပ်လို့လည်းဖေဖေရဲ့"

"အော်...အေးပေါ့ နင်ကဘယ်သိမလဲ...နင်ကယောကျ်ားငမ်းငမ်းတတ်ဖြစ်နေတာကို..."

"ဦးကျော်ဇင်မောင်!!!ရှင် ကျွန်မသမီးကို အဲ့လိုမပြောနဲ့..."

"ငါလည်းမပြောချင်ပါဘူး...။ဒါပေမယ့်အခုနင့်သမီးဘာလုပ်ခဲ့တယ်ဆိုတာသိလား"

".........."

"နင့်သမီးကျားအမြီးကိုသွားဆွဲတာ...ဒီမယ်ဧကရီစံနင့်လုပ်ရပ်ကြောင့် တစ်မျိုးလုံးတစ်ဆွေလုံးသေသွားနိုင်တယ်...နားလည်လား..."

"အဖေဘာတွေပြောနေမှန်း သမီးလုံးဝနားမလည်ဘူးအဖေ"

"အေး..ပြောမယ်...ယဉ်မေဦး နင်လည်း သေချာနားထောင်...နင့်သမီးနေမင်းရှိန်ရဲ့ပိုင်ရာဆိုင်ရာကောင်လေးတစ်ယောက်ကို ပါးရိုက်လိုက်တာတဲ့"

"ရှင်..."

"ရှင်မနေနဲ့...။တော်တော်မိုက်တဲ့သမီး...။သုံးချက်တောင်ရိုက်လိုက်တာတဲ့...ဟောဒီကနင့်သမီးအလိမ္မာတုန်းလေးက..."

"ဧကရီစံ ညည်းအဖေပြောတာတကယ်လား... ဟမ်..."

"မသိဘူး...သမီးမသိဘူး အဖေတို့ဘယ်သူ့ကိုပြောနေကြတာလဲ..."

"ဧကရီစံ!!ငါနင့်ကို လုပ်မိတော့မယ်နော်!!!"

ဦးကျော်ဇင်မောင်ရဲ့အော်သံကြောင့် ဧကရီစံနဲ့ဒေါ်ယဉ်မေဦးတုန်တက်သွားသည်။

"အဟင့်...သမီးတကယ်မသိတာပါ...သမီး..."

ထို့နောက် တစ်ခုခုကိုသတိရသွားဟန်ဖြင့်

On the other side(အခြားတစ်ဖက်၌)(Completed)Où les histoires vivent. Découvrez maintenant