On the other side (အခြားတစ်ဖက်၌)
"ကျွန်တော် သွားတော့မယ်နော်"
"ဖြည်းဖြည်းသွား"
"ကျွန်တော်လေ...ဦးနေနဲ့နေရတာ အရမ်းပျော်ခဲ့တာပဲ။စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"
"ထူးထူးဆန်းဆန်း....ဘာလို့ဒါတွေပြောနေတာလဲ"
"ဒီအတိုင်း...ဒီအတိုင်းပဲပြောချင်လာလို့ပါ...."
"ဘာမှကျေးဇူးတင်စရာမလိုဘူး... နော်... သွား....ကျောင်းထဲဝင်တော့ ဝမ်းနည်းမနေနဲ့တော့.... ညနေကျလာခေါ်မယ်"
"ဟုတ်"
နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက်ပွေ့ဖက်ထားချင်ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကို အားမရတဲ့စိတ်တွေကြောင့် နှလုံးသားထဲကပါလှိုက်ပြီး မျက်ရည်များပါကျလာသည်။
"လမင်း....ဟေ့ယောင်.....မင်းငိုနေတာလား"
"............"
"လာ......လာ.....ဟိုဘက်သွားရအောင်"
သူတို့ထိုင်နေကျ ခုံတန်းလေးဆီသို့။
"မင်းကွာ....နေနိုင်တာလည်းမဟုတ်ဘဲနဲ့ ဘာလို့ထွက်သွားချင်ရတာလဲ"
"ငါမနေနိုင်ဘူးဆိုတာ ငါလက်ခံတယ်"
"အဲ့တာဆိုလည်း မသွားပါနဲ့ကွာ"
"မရဘူး သူရ...ကြာရင် ငါသေသွားလိမ့်မယ်...
ငါဆက်ပြီး မခံစားနိုင်တော့ဘူး...""ဘာတွေလဲ...မင်းကိုဘယ်သူတွေက ဘာလုပ်လို့တုန်း"
"ငါ...ငါ ဦးနေမင်းရှိန်ကို ချစ်တယ်"
"ငါတို့သိတယ်လေ....မင်း ဦးနေကို မင်းဘယ်လောက်ချစ်မှန်း...."
"မဟုတ်ဘူး...ငါကအဲ့လိုချစ်တာမဟုတ်ဘူး...ငါက တပ်မက်မှုအချစ်နဲ့ချစ်တာ..."
"ဘာ....."
နှစ်ယောက်စလုံးလန့်သွားမယ်ဆိုတာ သိပါသည်။လန့်စရာကိစ္စပဲကို။
"ငါ...ငါ...မင်းတို့ကိုအဲ့ကိစ္စပြောဖို့ သတ္တိလုံးဝမရှိခဲ့ဘူး....ဘာလို့လဲဆိုတော့ ယောကျ်ားချင်းဖြစ်နေတာရယ်...ပြီးတော့...."
VOUS LISEZ
On the other side(အခြားတစ်ဖက်၌)(Completed)
Roman d'amourMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023